Friday, March 17, 2017

အော်ပွန်း ထမင်းပေါင်း

ပိန်းဥထမင်းပေါင်း..(အော်ပွန်)လေး..မိသားစုတွေနွေးထွေးစွာ..လုပ်စားမယ်
No automatic alt text available.No automatic alt text available.
(ကျမတို့ မိသားစု..အကြိုက် နည်းလေးပါ..)
အော်ပွန်ဆို...အူစုံ ဒုတ်ထိုး..နဲ့ မှလိုက်တာမို့ ဝက်အူစုံဝယ်ပါတယ်..
အူချို..အူမကြီး..အူပိတ်..နှလုံး..အဆုတ်..ဘဲဥတို့ နဲ့ ချက်ပါတယ်..
အူပိတ်..နဲ့ အစာအိမ်ကို..2ဘက်စလုံးလှန်လှောပြီး..ပဲငံပြာရည်ပြစ်ဆားနဲနဲထဲ့ နယ်ပြီးဆေးပါတယ်..အနံ့ လုံးဝမနံတော့ ပါဘူးရှင်...
အဆုတ်ကိုတော့ ဆားနယ်..ဇလုံထဲ.ရေနဲနဲထဲ့ ပြီး...ရေညစ်လိုက်ဆေးလိုက်..လေအိပ်ထဲကသွေးနဲ့ အကျိအချွဲတွေ..ကုန်အောင်..4ခါလောက်..ဆေးပါတယ်..အူချိုကတော့ သန့် တော့ ..ရေဆေးပြီး..အထဲက..အနစ်တွေပြန်မထွက်အောင်ထိပ်စတွေကို..သင်အူကြိုးလေးနဲ့ ပြန်ချီထားပါတယ်.
.
အူတွေကိုတော့ ..ရေနွေးဆူဆူတည်ထားတဲ့ အိုးမှာ..ရေနွေးတခေါက်တော့
ဖျောပြစ်ပါတယ်..အနံ့  အတွက်..ပိုသေချာအောင်လို့ ပါ..
ပြီးရင်အားလုံးကို..ဆား..တရုပ်မဆလာ..ပဲငံပြာရည်ကြဲ..တို့ နဲ့ နယ်..ပြီးကြက်သွန်ဖြူဓါးပြားရိုက်တာထဲ့ ..နယ်နပ်ထားပါတယ်..
ဘဲဥ ကိုလဲပြုပ်ပြိးနွားထားပါတယ်..
ဆီ..စာ3းဇွန်းလောက်..ဒယ်အိုးထဲထဲ့ ပူရင်..သကြားစား2ဇွန်းထဲ့ ..သကြားတွေ..နီ..အမြှုတ်ထ..လာတော့ ..အူစုံတွေ.ဘဲဥတွေပါ.ထဲ့ လှော်တာပေါ့ ...နဲနဲလုံးတော့ ရေထဲ့ ပြီးပြုပ်ပါတယ်
..ဂျင်း..လက်မလောက်...့ ကြက်သွန်ဖြူဥကြီးတလုံးနဲ့ .နာနတ်ပွင့် လေး..1ပွင့် ..ပါထဲ့ လိုက်ပါတယ်..
ပြုတ်ချိန်ကတော့ ..နာရီဝက်ပေါ့ ..(ပေါင်းအိုးနဲ့ ဆို..15 မိနစ်ဆို..ရပါပြီ)
အူတွေနူးရင်..အရည်တ၀က်နဲ့ အတူဆယ်ထားပြီး..ကျန်အရည်တ၀က်ကိုရေနဲနဲထိုး..ကြံမဆိုင်လေးထဲ့ ..ပြီး..ဟင်းရည်ကျဲလေးလုပ်ထားပါတယ်

ထမင်းအတွက်
..ဥနီတပိုင်းနဲ့ ပိန်းဥတလုံးကို..အချောင်းလေးတွေလှီးထားပါတယ်....ဂေါ်ဖီ..မုန်ညင်းဖြူ..ထိုင်ဝမ်မုန်ညင်း..မုန်ညင်းစိမ်းတို့ ကို..လှီးပြီးဆေး..ဇကာစစ်ထားပါတယ်...ဒယ်အိုးတလုံးထဲ..ဆီနဲနဲ..က်ြသွန်ဖြုလေးဆီသတ်ပြီး
ဆီအိုးချ..ပူနေတုံး..တရုတ်မဆလာ.ပုဇွန်ခြောက်..200ဖိုးလောက်.နဲနဲ့ ..ပဲငံပြာရည်ပြစ်..စားဇွန်း..1ဇွန်းစာထဲ့ မွေထားပါတယ်......အဆာတွေအကုန်လုပ်ပြီးမှ..ထမင်းအိုးတည်ပါတယ်..
ဆန်.နို့ ဆီဗူး..3လုံး..ရေဆေးပြီးတည်..စဆူတာမဲ့ ..ပိန်းဥ နဲ့ ဥနီတွေထဲ့ လိုက်ပါတယ်...ရေငှဲ့ အနေတော်ချိန်..ဇကာထဲအားလုံးစစ်ချလိုက်ပါတယ်.
သူ့ အငွေ့ မသေခင်..အမြန်လုပ်ရမှာနော်
.ပြီးတော့ မှ..အိုးတလုံးထဲပြန်ထဲ့ ပြီး..ဆီသတ်ထားတဲ့ ..ဆီတွေနဲ့ ..ဆား..စားဇွန်း1ဇွန်းရှပ်ရှပ်..သကြားနဲနဲ..ထဲ့ ပြီးမွေ..ပါတယ်...
ပြီးရင်..ထမင်းချက်ပေါင်းအိုး..ထဲ ထမင်းတ၀က်ထဲ့ ပြီး..အရွက်တွေထဲ့ ..ပြီးထမင်းထပ်အုပ်..ချက်ခလုပ်နိပ်ပြီးနပ်ပါတယ်..(ဇကာထဲပြန်ထဲ့ ပြီး..ရေခံပေါင်းလဲရပါတယ်). သူ့ အငွေ့ မသေခင်..အမြန်လုပ်ရမှာနော်...ခလုပ်တက်တော့ ..ထမင်းတွေနဲ့ အရွက်..သမအောင်မွှေရင်းငြုပ်ကောင်းမှုန့် လေးဖြူးပါတယ်..ပြီးတော့ ..ခလုပ်နိပ်ပြန်နိပ်ထားပြိး..စားလို့ ရပိပေါ့ ..
အချဉ်ကိုတော့ ..တရုတ်ဘုံကျောင်းငြုပ်ဆီ..ရယ်..ဘရာဘိုငြုပ်သီးငြုပ်ဆီရယ်ရော..ထညက်6ခဲလောက်အနေတော်ကြို..ထဲ့ ..ကြက်သွန်ဖြူ..ငြုပ်သီးစိမ်းထဲ့ ရှောက်သီးတစိတ်ညစ်ထဲ့ ..နံနံပင်လေးနဲနဲညှပ်ထဲ့ ..ပြီး..ဆမ်းစားလို့ ရအောင်မပြစ် မကျဲလေးပေါ့ ...
အူစုံလေး.ဘန်းထဲထဲ့ ..သူ့ အရေလေးနဲ့ စိမ်ထား..စားတော့ မယ်ဆိုမှ..ပူပူလေးနွေး..ညှပ်ထဲ့ ပြီး..အရည်လေးပါဆမ်း. ကြက်သွန်နီဆီချက်ကျော်လေး..ကြက်သွန်မိတ်လေးဖြူး..စားကြတာပေါ့ လေ..အရမ်းအရသာရှိပါတယ်.
.
လူ6ယောက်စာ...ထမင်းနို့ ဆီဗူးသုံးလုံးချက်...ပန်းကန်ထဲ..ပြင်ထားတဲ့ အတိုင်း..အ၀ဆွဲ(2ပုဂံစီ)....ထမင်းကုန်ပေမဲ့ ..အူစုံက..သုံးချိုးတချိုးကျန်သေးတော့ ..ညကို..ထမင်းဖြူနဲ့ ထပ်ဆွဲပါမယ်တဲ့ ...
အူစုံ..တပိသာ.35 သား...10000.ကျပ်
ပိန်ဥ1လုံး..ဥနီတပိုင်း.........500 ကျပ်
အရွက်များ.......................800 ကျပ်
(မုန်ညင်းစိမ်း 1စည်း..150 ကျပ်..မုန်ညင်းဖြူ..1ပင်..150 ကျပ်..ဂေါ်ဖီတစိတ်..200ကျပ်ထိုင်ဝမ်မုန်ညင်း..2စည်း..200 ကျပ်..ကြက်သွန်မိတ် 1စည်း..100ကျပ်)
ရွှေဘိုဆန်..3လုံး.............900 ကျပ်...
တစ်သောင်းနစ်ထောင်..ကျပ်လောက်..ကုန်ပေမဲ့ ..အ၀ဆွဲလေ..
ပိတ်ရက်မှချက်တယ်..အကုန်..၀ိုင်းလုပ်ကြလေတော့ ..ပျော်စရာပေါ့ နော်..
ကဲကဲ..လုပ်နည်းလေး..ဝေမျှပေးပီးပီနော်..
မိသားစုတွေ..စုဆုံပြီးချက်စားရင်းပျော်ရွှင်နိုင်ကြပါစေလို့ .....
Happy family time
ပိုင်ဆိုင်သမျှအရာတွေ..တန်ဘိုးထားမြတ်နိုးနိုင်ပါစေ..
Credit : https://www.facebook.com/3000perdayfor100/posts/1000856973313654

No comments:

Post a Comment