Wednesday, January 11, 2017

ဝက်အသားပြားလုပ်နည်း

 Chawsu ရဲ့လက်ရာလေးပါ
ဝက်ပေါင်ခြောက်
(ကျွန်မရဲ့ ဒုတိယစာအုပ် (အစိမ်းရောင်) စာမျက်နှာ 143-144 မှာ ပါပြီးသားလေးပါ။)
ဝက်သားမစားသူများ အမဲသားကိုအသုံးပြုနိုင်ပါတယ်။




**... ဝက်ပေါင်ခြောက် လုပ်ဖို့ လိုအပ်တာလေးတွေ….
1. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
2. ပဲငံပြာရည် အကျဲ (light soya sauce) – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
3. ပဲငံပြာရည် အပျစ် (dark soya sauce) – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
4. Chinese Cooking Wine – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
5. brown sugar – ထမင်းစားဇွန်း ၈ ဇွန်း
6. cayenne pepper – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မရှိလျှင် စပ်သော ငရုတ်သီးမှုန့် (ပေါင်ဒါမှုန့်လိုဖြစ်နေသောအမှုန့်))
7. garlic powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. pork minced – 500 g
pork minced မှ လွဲပြီး ကျန်ပါဝင်ပစ္စည်းများကို ဇလုံထဲထည့်ပြီးဖျော်ပေးပါ။
ပြီးလျှင် pork minced ကို ထည့်ပြီး တူကိုသုံး၍ clockwise အတိုင်း တစ်တက်တည်းကို ဦးတည်ပြီး ၃ မိနစ်ခန့် (သို့) ငါးဖယ်ဆုပ် ကဲ့သို့ စေးလာအောင် မွှေပေးပါ။
ငါးဖယ်ဆုပ်လို စေးသွားလျှင် cooking paper ပေါ်တင်ကာ ဖြန့်ပေး ထားပါ။
ဖြန့်ပြီးသွားလျှင် glad wrap ဖြင့်ဖုံးကာ rolling pin ကို သုံးပြီး (16 “x 11″) ခန့် အပြားရအောင် ခပ်ဖွဖွလှိမ့်ပေးပါ။

16 “x 11″ ခန့် အပြားရလျှင် glad wrap ကို ခွါထုတ်ပစ်ပြီး wire rack (cooling rack) တင်ထားသော tray ပေါ် တင်ပေးပါ။
180ံC ဖြင့် ၁၀ မိနစ်ခန့် ကြိုပြီး အပူပေးထားသည့် oven ၅ ဆင့်မြှောက်ထဲ (အပေါ်မီးနှင့် ဝေးအောင်) ထည့်ပြီး ၂၀ မိနစ်ခန့် ဖုတ်ပေးပါ။
၂၀ မိနစ်ခန့်ဖုတ်ပြီးလျှင် ထွက်လာသော အရည်များကြောင့် cooking paper ကိုအသစ်လဲကာ နောက်တစ်ဖက်လှန်ပြီး ၁၅ မိနစ်ခန့် ဖုတ်ပေးပါ။
နှစ်ဖက်စလုံး ဖုတ်ပြီးလျှင် ပျားရည် (ထမင်းစားဇွန်း ၁ ဇွန်းခွဲ) နှင့် ရေနွေး (ထမင်းစားဇွန်း တစ်ဝက်) ရောဖျော်ထားသော အရည် တစ်ဝက်ကို အသားပြားတစ်ဖက်ကို နှံ့အောင်သုတ်ကာ ၅ မိနစ်ဖုတ်ပေးပါ။
နောက်တစ်ဖက်ကို ကျန်ပျားရည် တစ်ဝက်သုတ်ကာ ၅ မိနစ်ခန့် ထပ်ဖုတ်ပြီးလျှင် wire rack (cooling rack) ပေါ် တင်ပြီး အအေးခံထားပါ။
အေးသွားပြီးနောက် ကပ်ကြေးလေးဖြင့် ညှပ်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
credit : https://www.facebook.com/ChawSusFoodFriends/posts/292403774271098

No comments:

Post a Comment