လီဆူ ဟော့ပေါ့
ဒါကတော့ The One အကောင့်ပိုင်ရှင်ရဲ့ နည်းလေးပါ။
------------------
ဆောင်းအေးအေး မှာ စားလို့ကောင်း တဲ့အစား တစ်ခု ဖြစ်တဲ့ ဟော့ပေါ့ လုပ်နည်း လေး ကိုပြောပြ ပါမယ်။ လီဆူ ရိုးရာ ဟော့ပေါ့ လုပ်နည်း ပဲဖြစ် ပါတယ်။ အောက်ပါ ချက်နည်း က ၁၀ ယောက် ကောင်းကောင်း စားလို့ရပါတယ်။
ပါဝင်ပစ္စည်းများ
------------------
-ကြက် ၁ကောင်
-ဝက်သားခြောက်ဆားနယ် (လားဆူး) ၃၀ သားခန့်
-အာလူး အလုံးသေး ၂၀ ခန့်
-ဂေါ်ရခါးဥ (ပိန်းဥ အစားထိုး သုံးနိုင်)
-ငုံးဥ အလုံး ၂၀ ပြုတ်
-ကြက်ဥ မွှေကြော် (ဝက်စင်းကော အစာသွပ်)
-မှိုခြောက် ကို နူးနေအောင် ပြုတ်ထားပါ။
-ဝက်သုံးထပ်သား နဲ့ ပေါင်သား ၂၀ သားခန့်
ကြက်သား ကို နူးအိနေအောင် ပြုတ်ပါ။
လားဆူး ကို ထည့်ပီး အရသာ ကို နည်းနည်း
မြည်းကြည့် ပါ။ မိမိ စိတ်ကြိက် အရသာ ပေါ်မူတည် ပီး သကြား ၊ဆား နဲ့
ပဲငံပြာရည် ကိုထည့်ပါ။ ထိုနောက် ကျန်ရှိ တဲ့ ပစ္စည်း များ ကို ထည့်ပီး မီးခဲ
ရဲရဲဖြင့် ပြုတ်ပါ။ ရာသီ ပေါ် အရွက် များဖြစ်တဲ့ ပဲလိပ်ပြာ ရွက်၊ ဂေါ်ရခါး
ညွန့်၊ မုန်ညှင်းဖြူ၊ အရွက်များ ကို ထည့်ပြုတ်စား လိုရပါတယ်။
အချဉ် အတွက်ကတော့ မိမိ စိတ်ကြိုက် ငရုတ်ချဉ် သို့မဟုတ် မန်ကျည်းချဉ် များဖြင့် တွဲဖက် စားလို့ ရပါတယ်။
NY (The One)
credit: https://www.facebook.com/NayYuTO/?hc_ref=SEARCH
No comments:
Post a Comment