Tuesday, January 3, 2017

ဝက်သားတညင်းသီးအစပ်ချက်

KaeKaeFoodPalace ရဲ့ Page လေးက တွေ့လို့ပါ ။.... အညာအထာ နဲ့ အညာအစာလေးတွေကို နှစ်သက် သူတွေ အတွက် 

ရာသီစာ တညင်းသီးကို ၀က်သားနှင့် ရောပြီး အစပ်ချက်လေး ချက်ရအောင်။
ပုံမှန်တော့ အချိုနှပ်ပြီး စားလေ့ရှိပေမယ့် မိုးအေးအေးမှာ ချွေးထွက်သွားအောင် စပ်စပ်လေး ချက်လိုက်တာပါ။
အနှစ်များများလေးနှင့် ချက်ထားလို့  ထမင်းနှင့် နယ်စားလို့ ရပါတယ်ရှင်။
Image may contain: food
** ကျောက်ကပ်နှင့် ပတ်သက်တဲ့ ရောဂါရှိရင် မစားသင့်ပါဘူး။
တညင်းသီးက ကျန်းမာရေးအတွက် အထောက်အကူ မပြုပါဘူး။
ဒါပေမယ့် အရမ်းစားကောင်းတော့ ချိန်ဆပြီး စားပါရှင်။
ချက်နည်းလေးကတော့
Ingredients:
ဝက်သား ၂၀ကျပ်သား
တညင်းသီး ၁၀လုံး
ချင်း အနည်းငယ်
ကြက်သွန်ဖြူ ၄မွှာ
ကြက်သွန်နီအကြီး ၃လုံး
ငရုတ်သီးအစိမ်းမှုန့်  ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်သီးအကြမ်းဖတ် ထမင်းစားဇွန်း ၁ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ဇွန်း
နနွင်းမှုန့်  အနည်းငယ်
ထန်းလျက်ခဲ ၃
ဆား အနည်းငယ်
ဆီ
နံနံပင် အနည်းငယ်
Preparation Method:
၁) တညင်းသီးတွေကို အညှာလေးတွေ ဖြတ်ပြီး ရေစိမ်ပါ။ ထန်းလျက်ခဲ ၃ခဲ ထည့်ပြီး ရေများများနှင့် အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ပြုတ်ပါ။ တစ်ကြိမ်ပြုတ်ပြီးတိုင်း ရေတွေကို သွန်ပါ။ ရေသစ်ထည့်ပြီး ထပ်ပြုတ်ပါ။
၂) ၀က်သားကို ရေဆေး၊ အနေတော် အတုံးလေးတွေ တုံးထားပါ။ ဆား၊ ပဲငံပြာရည်အကြည်၊ နနွင်းမှုန့် အနည်းငယ်ဖြင့် နယ်ပါ။
၃) ချင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန့် တို့ ကို ညက်အောင် ရောထောင်းပါ။
၎) ချက်မည့်အိုးထဲ ဆီများများ ထည့်ပါ။ ဆီဆူလာလျှင် ကြက်သွန်ထောင်းကို ထည့်ပြီး ဆီသတ်ပါ။
၅) ကြက်သွန်နွမ်းလာပြီး အနံ့ မွှေးလာလျှင် ငရုတ်သီးအကြမ်းဖတ် ထည့်ပါ။ ပြီးလျှင် ၀က်သားတွေ ထည့်ပြီး လုံးပါ။
၆) အသားထဲမှ အရည်ခမ်းပြီး အသံမြည်လာလျှင် အသားမြုပ်ရုံ ရေထည့်ပြီး တည်ပါ။ ဆား အနည်းငယ် ထည့်ပါ။
၇) ပြုတ်ထားသော တညင်းသီးတွေကို အခွံခွာပြီး အပြားလိုက် ထောင်းပါ။ ပြီးလျှင် အသားနှင့် ရောပြီး လုံးပါ။
၈) နောက်ထပ် ရေအနည်းငယ် ထပ်ထည့်ပြီး တည်ပါ။ ရေခမ်းခါနီးလျှင် အရသာအေပါ့အငန်ပြင်ပြီး မီးပိတ်လိုက်ပါ။
၉) မီးငွေ့ ဖြင့် နှပ်ထားပြီး စားခါနီးမှ ပန်းကန်ထဲ ခပ်ထည့်ပါ။ နံနံပင် အနည်းငယ် တင်လိုက်လျှင် ရပါပြီ။
အသားက အိအိ၊ တညင်းသီးက စီးစီးနှင့် စားလို့ကောင်းတဲ့ ဟင်းလေး ရပါပြီရှင်။

credit: https://www.facebook.com/KaeKaeFoodPalace/photos/a.614181288670319.1073741828.614162782005503/1084058255015951/?type=3&theater

No comments:

Post a Comment