Hot pot ပြုလုပ်နည်း
Hot pot ကို အိမ်မှာလုပ်စားပေမယ့် ပုံကောင်းကောင်းမရိုက်ဖြစ်တာများတယ်။ ဗိုက်ကဆာတာနဲ့ စားပစ်လိုက်တာများနေတော့ ဖုန်းနဲ့ ပုံတွေပဲရှိတော့တယ်။ အိမ်က သားသားက Hot pot ကို အ၇မ်းကြိုက်ပဲ။ ကလေးဆိုတော့ လျှောက်ထည့်လျှောက်လုပ်၇လို့ နေမှာပေါ့။ Hot Pot ကိုေ၇းပေးမယ်ဆိုတော့ ပါဝင်တဲ့ ၂မျိုးကို မြန်မာလို ဘယ်လိုခေါ်မှန်းကိုမသိလို့ မေ၇းဖြစ်ဘူး။ အခုတော့ အဂ်လိပ်လိုနဲ့ ပုံပဲတင်ပေးလိုက်တယ်။ (ပုံကgoogle ကရှာထားတာပါ။)
တရုတ်ဟင်းခတ်အမွှေးအကြိုက်ေ၇ာင်းတဲ့ ဆိုင်တွေမှာ မေးရင် ရှိပါတယ်။ ဗမာလိုနဲ့ တရုတ်လို ဘယ်လိုခေါ်လဲဆိုတာ သိတဲ့သူများလဲ ပြောပြကြနော်။ နောက်ဆုံးပုံမှာပါတဲ့ ၂ ခုပါ။ တခုကတော့ တရုတ်ဇီးသီးခြောက်လို့ သူများတွေကပြောပါတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ အဲ့ဒီ ၂ ခုပါမှ ပိုမွှေးတာမို့ ထည့်စေချင်ပါတယ်။ အိစံတို့ အိမ်မှာတခါတလေ အချိန်မရှိရင် ready made ထုတ်နဲ့ လဲ လုပ်စားတာမို့ အဲ့အထုပ်လေးပါပုံထဲထည့်ပေးလိုက်တယ်နော်။
Hot Pot(အချို) ဟင်းရည်အတွက်
ပါဝင်ပစ္စည်းများ
၁။ ကြက်ရိုး နှင့် ၀က်ရိုး - ၅၀ သား (၀က်သားမစားတဲ့သူကတော့ ကြက်ရိုးတမျိုးနဲ့ ပဲချက်ရင်လဲ၇ပါတယ်။)
၂။ ဂျင်း လက်တဆစ်
၃။ အာလူး ထူထူအပြားလိုက်လှိးထားသော အချပ်- ၁ ချပ် (မထည့်လဲရ)
၎။ ဆား
၅။ ငရုတ်ကောင်းမှုန့် အဖြူ - အနည်းငယ် (အဖြူမရှိလျှင် မထည့်ပါနဲ့။ ငရုတ်ကောင်းမှုန့် အမည်းကိုမသုံးပါနဲ့ )
၆။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ဟင်းချက် ဆန်ဝိုင် - ထမင်းစားဇွန်း ၂ ဇွန်း
၈။ ပုံထဲမှာ ပါတဲ့ အသီး တရုတ် ဇီးသီးခြောက် (red dates)(ဟုန်ကြောင်) - ၂ ခု
၉။ ပုံထဲမှာပါတဲ့ အနီေ၇ာင် အသီးခြောက်သေးသေးလေး (goji berry or wolfberry) (ကျိကျေ)- ၁၀ ခု
ပြုလုပ်နည်း
၁။ ကြက်ရိုးနှင့် ၀က်ရိုးများကို သန့် စင်ပြီး အိုးတခုထဲ ထည့်ေ၇ကို အ၇ိုးများမြုပ်ရုံထည့်ပြီး ပွက်လာသည်အထိတည်ပါ။ ပွက်လာပြီး အ၇ိုးများဖြူသွားလျှင် မီးဖိုပေါ်မှချပြီး ရေတွေသွန်ပစ်လိုက်ပါ။ (ထိုအ၇ည်ထဲတွင် အညှီအနံ့ များပါသွားပါလိမ့်မည်။) ပြီးလျှင် အ၇ိုးများကိုေ၇ဖြင့် သေချာပြန်ဆေးပါ။ အိုးကိုလဲပြန်ဆေးပါ။
၂။ ထို့ နောက် အ၇ိုးများကို အိုးထဲထည့်၊ ဂျင်း ကို ပါးပါးလှီးထည့်ပြီး တည်ပါ။ အာလူးသီးဖတ် ကိုလဲထည့်ပြီး မီးအေးအေးဖြင့် ၂ နာရီခန့် တည်ထားပါ။ (ရေကိုလိုအပ်သလို ဖြည့်ဖြည့်ပေးပါ။ )
၃။ Hot pot ဟင်းရည်လုပ်ရန် အတွက် အသားပြုတ်ရည်ကို ၇ပြီဆိုလျှင် အရည်ချည်းပဲကို hot pot လုပ်မည့် အိုးထဲထည့်ပါ။ ပြီးလျှင် ဆား၊ငရုတ်ကောင်း၊ နှမ်းဆီမွှေး၊ ဟင်းချက်ဆန်ဝိုင်၊ ပုံထဲမှာပါသော အသီးအခြောက် ၂ ခုတို့ ကိုထည့်ပြီး ပွက်လာသည်အထိတည်ပါ။
၎။ ဟင်းရည် ပွက်လာလျှင် ကြိုက်နှစ်သက်သော အသား ၊အ၇ွက်၊ ခေါက်ဆွဲများကို ထည့်ပြီး သုံးဆောင်နိုင်ပါပီ။
----------------------------
Hot pot (အစပ်) ဟင်းရည်အတွက်
ပါဝင်သောပစ္စည်းများ

၅။ ပဲငပိအစပ် - ထမင်းစားဇွန်း ၃ ဇွန်း
၆။ ငရုတ်သီးခြောက် အနီတောင့် -၁၀ တောင့်
၇။ ပဲငပိ အချို - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ဂျင်း - လက်တဆစ်
၉ ။ ကြက်သွန်ဖြူ - ၄ မွှာ
၁၀။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ ဟင်းချက် ဆန် ၀ိုင် - ထမင်းစားဇွန်း ၈ ဇွန်း
၁၂။ တရုတ်ဖာလာစေ့ (အမည်းေ၇ာင်) - ၁ ခု
၁၃။ နာနတ်ပွင့် - ၃ ခု
၁၄။ ဟွာကျောင်း (sichuan peppercorn) -ထမင်းစားဇွန်း ၁ ဇွန်း
၁၅။ သစ်ကြပိုးခေါက် - ၁ ခု
၁၆။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း

၃။ အစပ်အနှစ်ပြုလုပ်ရန်အတွက်
- ငရုတ်သီးခြောက် အနီတောင့် ၅ တောင့်ကိုေ၇စိမ်ထားပါ။ ထို့ နောက် ဂျင်း၊ကြက်သွန်ဖြူ၊ ရေစိမ်ထားသော ငရုတ်သီးခြောက်အနီတောင့်၊ပဲငပိအစပ်၊ ပဲငပိအချို တို့ ကို ထောင်းပါ (သို့ ) ကြိတ်စက်ထဲထည့်ကြိတ်ပါ။
- အိုးတခုထဲတွင် ဆီ ထမင်းစားဇွန်း ၄ ဇွန်းကို အပူပေးပြီး ထောင်းထား(ကြိတ်ထား)သော အ၇ာများကို ထည့်ပြီး မီးအေးအေးဖြင့် ၅ မိနစ်ခန့် ဆီသတ်ပါ။ ပြီးလျှင် ဟင်းချက်ဝိုင်၊ နာနတ်ပွင့်၊တရုတ်ဖာလာစေ့၊ ဟွာကျောင်း၊သစ်ကြပိုးခေါက်တို့ ကိုထည့်ပြီး အနှစ်ပစ်ပစ်လေးဖြစ်လာသည်အထိ မိနစ် ၂၀ လောက် မီးအေးအေးဖြင့် တည်ထားပါ။
၎။ အရိုးပြုတ်ဟင်းရည်ကို ယောက်ချိုဆိုတဇွန်းခပ်ပြီး ငရုတ်သီး အစပ်အနှစ်နှင့်ေ၇ာပေးပါ။ သမအောင်လုပ်ပါ။ ပြီးလျှင် အရည်ချည်းပဲရအောင် ဇကာခံပြီး စစ်ပါ။ အနှစ်အ၇ည်များရပါပြီ။
၅။ hot pot (အစပ်) ဟင်းရည်လုပ်ရန်အတွက် အရိုးပြုတ်ဟင်းရည်ထဲကို အစပ်အနှစ်ရည်များထည့်ပါ။ ကျန်ရှိသော ငရုတ်သီးခြောက် ၅ တောင့်ကိုလဲထည့်ပါ။ ပွက်အောင်တည်ပါ။ ပွက်လာလျှင် ကြိုက်နှစ်သက်ရာ အသား၊ အရွက်နှင့် ခေါက်ဆွဲများကို ထည့်ရ်ျသုံးဆောင်နိုင်ပါပြီ။
-----------------------
အစပ်ဟင်းရည်အနှစ် အတွက်အလွယ်လုပ်နည်းမှာ
ပုံမှာပြထားတဲ့ တရုတ်မပုံ ငရုတ်သီးပုလင်းထဲမှ င၇ုတ်သီးအနှစ်နှင့် ပဲငပိအစပ် အနှစ်တို့ ကိုဆီသတ်၊ ဟင်းချက်ဝိုင်ထည့်ပြီး ပြုလုပ်နိုင်ပါတယ်။
credit: https://www.facebook.com/eisanhomemade/photos/pcb.1010160782386968/1010141239055589/?type=3&theater

No comments:
Post a Comment