Tuesday, December 27, 2016

ငါးနှပ်ဟင်း(မွန်ဟင်း) ချက်နည်း

ငါးနှပ်ဟင်း(မွန်ဟင်း) ချက်နည်း
-------------------------------------
ပါဝင်သောပစ္စည်းများ
- ငါးနှပ် (၂၀)သား
- ကြက်သွန်နီ (၂)လုံး
- မရမ်းပြားခြောက် (အနည်းငယ်)
- ငရုပ်သီးစိမ်း (အနည်းငယ်)
- စပါးလင် တစ်ပင်
- စိမ်းစားငပိ၊ ချိုမှုန့်၊ ဆား၊ နနွင်းမှုန့် အနည်းငယ်စီ
.
ကဲ...ချက်လိုက်ရအောင်
ပထမဦးစွာ ငါးနှပ်ကို ရေစင်အောင်ဆေးပါ။ နောက် နှစ်ပိုင်းပိုင်းပါ။ ဇလုံထဲကို ထည့်ထားပါ(နောက်ဆုံးမှ ဟင်းအိုးထဲထည့်ရန်)။ ဟင်းအိုးထဲသို့ ရေမတ်ခွက်လေးခွက်စာထည့်ပါ။ ကြက်သွန်နီကို ပါးပါးလှီးထည့်ပါ။ ငရုပ်သီးစိမ်းကို လေးစိပ်ကွဲထောင်းထည့်ပါ။ မရမ်းပြားခြောက် ၅-၆ ပြားလောက်ထည့်ပါ။ ဆား၊ ချိုမှုန့်၊ နနွင်းမှုန့်အနည်းငယ်ဆီထည့်ပါ။ ငပိစိမ်းစား လက်တစ်ဆစ် လောက်ထည့်ပါ။ စပါးလင်ကို ရေစင်အောင်ဆေးပြီး အထုံးကလေးပြုလုပ်ပြီး အိုးထဲတွင်ထည့်ပါ(ထုပြီး အချောင်းလိုက်လဲ ထည့်နိုင်)။ ဟင်းချိုအိုးကို ဆူအောင်တည်ပါ။ ရေပွက်ပွက်ဆူပါက ငါးကို ထည့်ပါ။ နောက် အပေါ့အငန်မြည်းပါ။ နံနံပင်(သို့မဟုတ်)ပင်စိမ်းရွက် ကြိုက်က ထည့်နိုင်ပါသည်။ ငါးနှပ်က ကြေလွယ်သည့်အတွက် ၅မိနစ်ဆိုရင် ရပါပြီ။ ချဉ်ချဉ်စပ်စပ်နှင့် အရသာရှိသော ငါးနှပ်ဟင်းတခွက် သုံးဆောင်နိုင်ပါပြီ။ 👍
.
(ငါးနှပ်ကို တခြားနည်း ဘယ်လိုချက်လို့ရသေးလဲ သိတဲ့သူတွေ ပြောပြပေးအုံး...အားလုံးသိရအောင်)
.
*** ငါးနှပ် = အာပြဲခြောက် မဖြစ်ခင်ငါးအစိမ်း ***

Credit : www.facebook.com/biluisland/photos/a.761690393963398.1073741829.761487987316972/852781508187619/?type=3&theater

No comments:

Post a Comment