(၁) ဆန်ကို ဆန်ပြုတ် ပြုတ်သလို ဆန်လုံးကွဲပြီး နူးအိလာအောင် ပြုတ်ပါ။ သင်္ကြန်ထမင်းဆိုတာ လျာပေါ်တင်ပြီး အာခေါင်လေးနဲ့ဖိလိုက်တာနဲ့နုအိနေရပါမယ်။ ဆန်လုံးတွေ နူးအိသွားပြီဆို ထမင်းတွေကို ဇကာနဲ့ရေစစ်ပါ။
ထမင်းကိုစေးနေတာတွေကုန်အောင် ရေအေးနဲ့ထပ်ခါထပ်ခါလောင်းပြီး
ဇကာကိုလှုပ်ကာ ရေစစ်ပေးပါ၊ရေစစ်ပြီဆို ရေခဲသေတ္တာထဲအအေးငွေ့ပေးထားပါ။
(၂) ကြွေပန်းကန်ပြားလေးတစ်ချပ်ပေါ်မှာ မီးစွဲနေတဲ့မီးသွေး ၃-၄ ခဲတင်ပါ။ ဖယောင်းတိုင်ကို ဓါးပါးလေးနဲ့ခြစ်ပြီး ဖယောင်းဖတ်လေးများ ခြစ်ယူပါ။ ဖယောင်းဖတ်လေးများကိုမီးသွေးခဲပေါ်အုံလိုက်ပါ။ ဖယောင်းငွေ့များ လှိုင်လှိုင်ထွက်လာပါက ခြောက်သွေ့သောအိုးတစ်လုံးကို မီးသွေးပန်းကန်ပြားပေါ်မှာမှောက်အုပ်ပြီး ဖယောင်းငွေ့များ စုယူပါ။ လုံလောက်တဲ့ဖယောင်းငွေ့ရပြီဆို
အိုးကိုလှန်ပြီးရေဆွတ်ထားတဲ့ အဝတ်ပါးနဲ့အိုးမျက်နှာဝကိုလုံအောင်ချက်ချင်းအုပ်ပါ။
အဝတ်ပါးပေါ်မှအိုးထဲသို့ သောက်ရေ ကိုလောင်းချပြီး အိုးအဖုံးအုပ်ထားလိုက်ပါ ဖယောင်းနံ့သင်းတဲ့ရေကိုရပါမယ်။ ဖယောင်းရေကို ပုလင်းနဲ့ထည့်ထားပြီး လိုသလိုရေထပ်ရော ပွါးသုံးလို့ ရပါတယ်။ သင်္ကြန်ထမင်းရဲ့ အဓိက အနံ့အရသာနဲ့ အာနိသင်ကဖယောင်းရေပါပဲ။
(၃) ငါးခြောက် (အကောင်းဆုံးက ငါးကွမ်းရှပ်ပါ)ကိုပြုတ် အရိုးထွင်ပါ။ ပြုတ်ထားတဲ့ ငါးခြောက်ကိုပွလာအောင် ဆုံနဲ့ထောင်းပါ။ ပုဇွန်ခြောက်ထောင်းပါ။ ငါးခြောက်ထောင်းနဲ့ ပုဇွန်ခြောက်ထောင်းကို သမအောင်ရောဖွလိုက်ပါ။ အရသာပိုကောင်းပါတယ်။ ဒယ်အိုးထဲ ဆီထည့် နနွင်းအနည်းငယ်ထည့်ပြီး ငါးခြောက်နဲ့ပုဇွန်ခြောက်ထောင်းအရောကိုမီးအေးအေးနဲ့ကြွပ်လာတဲ့အထိကြော်
ပါ။ ပြီးရင်အအေးခံ ကြက်သွန်ဖြူ ကြက်သွန်နီ အကြွပ်ကြော်နဲ့ငါးခြောက်ထောင်းကြော်ရောစပ်လိုက်ပါ။ အနံ့အရသာနဲ့ပြည့်စုံတဲ့ငါးခြောက်ထောင်းကြော်ကိုရပါမယ်။
ပါ။ ပြီးရင်အအေးခံ ကြက်သွန်ဖြူ ကြက်သွန်နီ အကြွပ်ကြော်နဲ့ငါးခြောက်ထောင်းကြော်ရောစပ်လိုက်ပါ။ အနံ့အရသာနဲ့ပြည့်စုံတဲ့ငါးခြောက်ထောင်းကြော်ကိုရပါမယ်။
(၄) သရက်သီးစိမ်းကိုဆားအနည်းငယ် ထည့်ထားတဲ့၊ရေထဲကိုခြစ်ချပါ။ သရက်သီးကို ဒီအတိုင်းခြစ်ရင် လေနဲ့ထိပြီး အစေးကအရောင်ပြောင်းပါတယ်။ မလှပါဘူး။ ကြက်သွန်နီပါးပါးလှီး - ပုဇွန်ခြောက်ထောင်း-
နှမ်းနက်စိမ်းစားငါးပိ(မျှင်ငါးပိ)ကို ဆီပူလေးနဲ့လှိမ့်ထား။
ကြက်သွန်နီဆီချက်- ပဲမှုန့်အကျက်အနည်းငယ်
ဆားအနည်းငယ်-
ဟင်းခတ်မှုန့် အနည်းငယ်
သရက်သီးစိမ်းခြစ်ထားတာကို
ရေစင်အောင်ညှစ်ပြီးအထက်ပါ အဆာပလာများနဲ့ရောနယ်ပြီးသုတ်ပါ။
အလွန်မွှေးကြိုင်အရသာရှိလှသော သရက်သီးစိမ်းသုတ်ကိုရပါမယ်။
ဆားအနည်းငယ်-
ဟင်းခတ်မှုန့် အနည်းငယ်
သရက်သီးစိမ်းခြစ်ထားတာကို
ရေစင်အောင်ညှစ်ပြီးအထက်ပါ အဆာပလာများနဲ့ရောနယ်ပြီးသုတ်ပါ။
အလွန်မွှေးကြိုင်အရသာရှိလှသော သရက်သီးစိမ်းသုတ်ကိုရပါမယ်။
(၅) သရက်သီးစိမ်းကိုခြစ်ပါ။ ( အထက်ကပြောထားသလို)
ငါးခြောက်ပြုတ်ပြီးပွလာအောင်ထောင်းပါ။
(အထက်ကအတိုင်း) ငါးခြောက်ထောင်းနဲ့ပုဇွန်ခြောက်ထောင်းရောဖွထားပါ။
ကြက်သွန်နီအခွံခွါ၎စိပ်စိပ်ထားပါ။ (ကိုယ်ထည့်ချင်သလောက်ပေါ့)
ငါးခြောက်ပြုတ်ပြီးပွလာအောင်ထောင်းပါ။
(အထက်ကအတိုင်း) ငါးခြောက်ထောင်းနဲ့ပုဇွန်ခြောက်ထောင်းရောဖွထားပါ။
ကြက်သွန်နီအခွံခွါ၎စိပ်စိပ်ထားပါ။ (ကိုယ်ထည့်ချင်သလောက်ပေါ့)
ဒယ်အိုးထဲဆီထည့် နံနွင်းအနည်းငယ်ထည့်
ဆီပူလာရင်ကြက်သွန်နီတစ်လုံးလောက်ပါးပါးလှီးထားတာကိုထည့်။ စိမ်းစားငါးပိအနည်းငယ်ထည့် ဆီသတ်ပါ။
စိမ်းစားငါးပိကိုရေနဲ့ဖျော်မထည့်ပါနဲ့၊ အနံ့ပျက်ပါတယ်။
ဆီပူလာရင်ကြက်သွန်နီတစ်လုံးလောက်ပါးပါးလှီးထားတာကိုထည့်။ စိမ်းစားငါးပိအနည်းငယ်ထည့် ဆီသတ်ပါ။
စိမ်းစားငါးပိကိုရေနဲ့ဖျော်မထည့်ပါနဲ့၊ အနံ့ပျက်ပါတယ်။
ဆီသတ်ထည့်တာအနံ့အရသာပိုကောင်းပါတယ်။
ဆီသတ်ပြီးတာနဲ့သရက်သီးခြစ်ထားတာကို ရေစင်အောင်ညှစ်ပြီးထည့်ပါ။ ဆီနဲ့ခဏလှိမ့်ကြော်ပါ။
ပြီးရင်ရေစပ်စပ်လေးထည့်ပြီးဆက်ကြော်ပါ၊ ရေများများမထည့်ပါနဲ့။ အကြော်ပျက်စီးသွားပါမယ်။
ဆီသတ်ပြီးတာနဲ့သရက်သီးခြစ်ထားတာကို ရေစင်အောင်ညှစ်ပြီးထည့်ပါ။ ဆီနဲ့ခဏလှိမ့်ကြော်ပါ။
ပြီးရင်ရေစပ်စပ်လေးထည့်ပြီးဆက်ကြော်ပါ၊ ရေများများမထည့်ပါနဲ့။ အကြော်ပျက်စီးသွားပါမယ်။
ရေခန်းလာတာ ၃ ပုံ ၁ပုံဖြစ်ပြီဆို ငါးခြောက်ပုဇွန်ခြောက်ထောင်းအရောကိုထည့်ပါ၊ဆက်ကြော်ပါ။
ရေခန်းတာကုန်ခါနီးမှာ ကြက်သွန်နီ ၄ စိပ်ခွဲထားတာတွေထည့်
မီးလျော့ ဆက်ကြော်ပါ။
ဆီပြန်လာပြီးကြက်သွန်နီအစိပ်လေးတွေ ကျက်လာပြီဆိုအရောင်လေးကြည်လင်လာပါမယ်။ တအားနွမ်းအောင်မကြော်ပါနဲ့
အရသာပေါ့သွားပါမယ်။
ကြော်နေစဉ်မှာ ဆား- ဟင်းခတ်မှုန့့် လိုသလိုထည့်ပါ။
ကြက်သားမှုန့်မသုံးပါနဲ့၊အရသာပျက်ပါမယ်။
ကိုယ်လိုချင်တဲ့အနေအထားရောက်ပြီဆို
ဖိုပေါ်ကချ နှမ်းနက်လေးဖြူးး သမအောင်မွှေပေးပါ။

အရသာရှိပြီးသိပ်မွှေးတဲ့ သရက်သီးစိမ်းငါးခြောက်ထောင်းကြော်ပါ။ (ကျွန်မတို့ မွန်လူမျိုးတွေကတော့
သင်္ကြန်ကြော်လို့ ခေါ်ပါတယ်)
သင်္ကြန်ကြော်လို့ ခေါ်ပါတယ်)
(၆) ငရုပ်သီးခြောက်ကိုအတောင့်လိုက်အ တိုင်းကြွပ်အောင်ကြော်၊အအေးခံပါ။
(၇) ရေခဲသေတ္တာထဲအအေးငွေ့ပေးထား တဲ့ ထမင်းပြုတ်ကို ပန်းကန်ထဲထည့် ဖယောင်းသင်းရည် ထမင်းမြုပ်ရုံထည့်။ ငါးခြောက်ထောင်းကြော်သရက်သီးစိမ်း သုတ်သင်္ကြန်ကြော်ငရုတ်သီးတောင့်ကြော် တို့နဲ့တွဲဖက်စားသုံးပါကအနံ့အရသာ နှင့်ပြည့်စုံသော အပူဒဏ်ခံနိုင်တဲ့ မွန်တို့ ရိုးရာ သင်္ကြန်ထမင်းကို
အမြဲသတိတရ ဖြစ်နေကြမှာပါ။
(ထမင်းစားပြီးပါက ပန်းကန်ထဲမှာကျန်နေသော ရေကို
သောက်ပါရှင် အလွန်ကိုပဲရင်ထဲအေးစေပါတယ်)☺
အမြဲသတိတရ ဖြစ်နေကြမှာပါ။
(ထမင်းစားပြီးပါက ပန်းကန်ထဲမှာကျန်နေသော ရေကို
သောက်ပါရှင် အလွန်ကိုပဲရင်ထဲအေးစေပါတယ်)☺
==================================
ကျွန်မ မော်လမြိုင်သူစစ်စစ် အိမ်မှာချက်တဲ့ရှေးနည်းအတိုင်း
ရေးထားပေးပါသည် **
Credit ~မော်လမြိုင်သူ She She
ကျွန်မ မော်လမြိုင်သူစစ်စစ် အိမ်မှာချက်တဲ့ရှေးနည်းအတိုင်း
ရေးထားပေးပါသည် **
Credit ~မော်လမြိုင်သူ She She
https://www.facebook.com/kyaw.soe.54738/posts/769590893184295
No comments:
Post a Comment