အာလူးထောင်း
❀ ❀ ❀
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
လွယ်ကူမြန်ဆန်ပြီးထမင်းမြိန်စေမဲ့ဟင်းလေးဖြစ်ပါတယ်။ဒီဟင်းအတွက်အဓိကလို
အပ်တာကတော့ရှမ်းမုန်ညင်းချဉ်အစိမ်းဘဲဖြစ်ပါတယ်။ပြုလုပ်နည်းကိုပိုစ့်သီးသန့်တင်ထားပြီြး
ဖစ်ပါတယ်။
ချက်ကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
အာလူး - ၅လုံး အနေတော်
မုန်ညင်းချဉ်အစိမ်း - တစ်ပန်းကန်
ကြက်သွန်နီ - တလုံး
ဂျင်းကြက်သွန်ဖြူ - တဇွန်း စားပွဲဇွန်း
ငရုပ်သီးစိမ်း - ၃တောင့်
နံနံပင် - အနည်းငယ်
ဆား - ဇွန်းတဝက်
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
----------------
(၁)ဦးစွာအာလူးကိုရေဆေးသန့်စင်ပြီးနူးအိအောင်ပြုတ်ထားပါ။
(၂)အာလူးနူးအိပါကအခွံသင်ပြီးထောင်းထားကြိတ်ထားပါ။
(၃)ကြက်သွန်ပါးပါးစိတ်ထားပါ။ဂျင်ုးကက်သွန်ဖြူထောင်းထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီတဇွန်းထည့်ပြီးကြက်သွန်နှင့်ဂျင်းကြက်သွန်ဖြူကိုမွေးလာအောင်ဆီသပ်ပါ။
(၅)မွေးလာပါကမုန်ညင်းချဉ်စိမ်းကိုထည့်မွေပေးပါ။ကြော်မိပြီးပါကအာလူးထောင်းထားသည်နှင့်ဆားထည့်ကာအားလုံးသမအောင်မွေပေးပါ။
(၆)အရသာအပေါ့အငံမြည်းပြီးငရုပ်သီးစိမ်းနံနံပင်ထည့်ကာမီးဖိုမှချပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ
........
Sofia
http://sofiafoodparadise.blogspot.com
No comments:
Post a Comment