Monday, January 2, 2017

Anyone can cook အစီအစဉ်က Hotpot

ကြက်သား (၂၀)သား
ဝက်သား (၂၀)သား
ယိုးဒယားအသားတုံးလေးတွေလည်း ထည့်ထားတယ်။ ဘာအရသာမှ မထည့် မနယ်ထားပါဘူး။ ဟော့ပေါ့အရည်နဲ့ ဆို အရသာရှိနေမှာပါ။
ညနေစားမယ်ဆို နေ့ခင်း ဒါမှမဟုတ် နံနက်ကတည်းက တည်ထားရင် ပိုကောင်းပါတယ်။
မုန်လာဥ သုံးတောင့် အဝိုင်းလေးတွေ လှီးထားမယ်။
ကြက်အရိုးကြီးပဲ (၄၀)သား (သို့မဟုတ်) ဝက်အရိုးချည်းပဲ (၄၀) သားကို ခုတ်ထစ်ကာ ရောမယ်။
ပြီးရင် ဆား လက်ဖက်ရည်ဇွန်း (၂)ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း (၄)ဇွန်း
နဲ့ ရေကိုရေပြီးပေါင်းထားမယ်။



မီးကို ခပ်နွေးနွေးနဲ့ပါ တည်ထားရပါမယ်။
စားခါနီးကျမှ ပွက်ပွက်ဆူအောင် တည်ရပါမယ်။
အစပ်အရည်ဖြစ်ချင်တယ်ဆိုရင်တော့
ရယ်ဒီမိတ် ငရုတ်သီးအနှစ်ထုပ်ကို မိမိကြိုက်နှစ်သက်သလောက် ထည့်လို့ရပါတယ်။
ရယ်ဒီမိတ် အဆင်မပြေရင်လည်း။

Image may contain: food ငရုတ်သီး အပု (သို့ ) ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း (၁)ဇွန်း
ကြက်သွန်ဖြူ (၁) မွှာ ကိုညှက်အောင်ကြိတ်ပြီး ဆီအနည်းငယ်သက်ကာ ထည့်ရင်လည်းရပါတယ်။
မီး ခပ်နွေးနွေးနဲ့ မုန်လာဥတွေ အကြည်ရောင်ဖြစ်ပြီး အရည်အောက်ကို ထိုင်ကျသွားအောင် တည်ရပါမယ်။
အချို့ ဟော့ပေါ့အရည်တွေဟာ အရည်အကျဲမဟုတ်ဘဲ ပျစ်သယောင် ဖြစ်နေတတ်ကြပါတယ်။ အဲ့လိုစားချင်ရင်တော့ ဂျပန်တို့ဖူးအပျော့် နှစ်ထုပ်လောက်ကို ညှစ်ထည့်လိုက်ရုံပါပဲ။
အားလုံးထည့်ပြီးပြီဆိုရင် မုန်လာဥ အရည်အောက်ထိုင်သွားအောက် တည်ပေးရပါမယ်။ မုန်လာဥလည်း အထိုင်ကျပြီး ဟင်းအရည်ရဲ့ အငွေ့ဟာ ဟော့ပေါ့အနံ့ထွက်လာပြီဆိုရင် သုံးဆောင်လို့ရပါပြီ။

အဖက်တွေမပါဘဲ အရည်ချည်းသက်သက်ခပ်ယူပြီး နောက်အိုးတစ်အိုးမှာထည့်ပြီး ဆူအောင်တည်ပြီး ဟော့ပေါ့စားလည်းရသလို။
မူလတည်ထားတဲ့ အိုးမှာပဲ သုံးဆောင်လည်းရပါတယ်။

တစ်အိုးခွဲစားမယ်ဆိုရင်တော့ နောက်တစ်အိုးမှာ ရေထည့်ပြီး လက်ကျန် အရိုးအရွက်တွေနဲ့ အရည်ပြန်တည်ထားလို့ရပါတယ်။

ဟော့ပေါ့အနံ့လေး မွှေးလာရင် စားသုံးလို့ရပါပြီ။
အဓိက မုန်လာဥကြောင့် အနံ့ဟာ မွှေးပျံ့လာပြီး
ဝက်ရိုးဆိုရင်တော့ (၃)နာရီလောက်ပြုတ်ပြီး ပြန်ဆယ်ပြီး အရိုးကို ပြန်ပိုင်းပြီးပြန်ပြုတ်ရင် ပိုကောင်းပါတယ်။

လတ်လတ်ဆတ်ဆတ် အရွက်တွေကို စိမ်စားလည်း အရမ်းကောင်းပါတယ်။
credit:  https://www.facebook.com/anyonecancookdvb/photos/pcb.787115124760348/787114494760411/?type=3&theater
  

No comments:

Post a Comment