Tuesday, May 23, 2017

ငါးကြင်းကြော်နှစ် ခရမ်းခဆော့သီး မကျီးသီးချက်းးးး

 စားဖိုမှူးများ ပျော်မြူးရာ Group က ကျင်းပတဲ့ ဟင်းချက်ပြိုင်ပွဲမှ ဟင်းချက်နည်းလေးများကို စုစည်းဖော်ပြပေးပါမယ်။ တစ်စုတစ်စည်းတည်း ပြန်လည်လေ့လာနိုင်အောင်ပါခင်ဗျာ။ 
Chef Code 26
ငါးကြင်းကြော်နှစ် ခရမ်းခဆော့သီး မကျီးသီးချက်းးးး

၁/ ငါးကြင်း ၂၀၀g
ခရမ်းချဉ်သီး ၂လုံး
ခရမ်းခဆော့သီး ၁၀၀g
ကြက်သွန်ဖြူး ၁၀တက်
ဗမာနံနံ အမြစ် ၂စီ အနေတော်
ဂျင်း ၁ တက် အနေတော်
စပါးလင်း ၁ချောင်းးး
ငြပ်ကောင်း အနည်းငယ်း
နှမ်းဆီမွေး အနည်းငယ်
မကျီးသီးအမှည့် ၅၀ g
ထန်းလျက် ၂လုံး အနေတော်

၂/ ငါးကိုရေဖြင်သန်စင်ပြိ ဂျင်း စပါလင် ဗမာနံနံ ကြက်သွန်ဖြူးထောင်သာညစ်ပြိ မကပ်တဲ့ဒယ်အိုပေါ မီးအေးအေူနဲ့ကော််ပါ
ခရမ်ချဉ်သီ ပြုတ်ပြိသားကို မိးအေးအေးနှစ် အနံပျောက်သည်အထိချက်ပါ ခရမ်ချဉ်နံ ပျောက်ရင် မကျီနှစ် ထန်လျက်ထည့်ပါ ဆား တိုထည့်ပြိ ကိုလိုချင်တဲ့ အနေထာထိချက်ပါ အာလုံးOk ပြိဆိုရင်း ပုံပါအတိုင်း ရပါပြိးး
မှတိချက် အရသာက ချိ ချဉ် စပ်လေးပါးးး
အချိန်မမှိလို သေချာ မရေလိုက်မိပါဘူး ဆော်ရီပါ
အာလုံးကို လေးစာလျက်းးးးး
credit : https://www.facebook.com/photo.php?fbid=1613985268617552&set=pcb.1356819444369261&type=3&theater

မြန်မာ့ရိုးရာ ခရမ်းချဉ်သီးနှစ်နှင့် ပုဇွန်ဟင်း

 စားဖိုမှူးများ ပျော်မြူးရာ Group က ကျင်းပတဲ့ ဟင်းချက်ပြိုင်ပွဲမှ ဟင်းချက်နည်းလေးများကို စုစည်းဖော်ပြပေးပါမယ်။ တစ်စုတစ်စည်းတည်း ပြန်လည်လေ့လာနိုင်အောင်ပါခင်ဗျာ။ 
Code number 16.
Chef Yamin phyo
Myanmar Style Prawn Curry with Tomatoes Paste
******************
ပါဝင်ပစ္စည်း

ပုဇွန် -148gm
ခရမ်းချဉ်သီး နုတ်နုတ်ဆင်း -131gm
အလှဆင်ရန်ခရမ်းချဉ်သီးတစ်လုံး -55gm
ကြက်သွန်နီ နုတ်နုတ်ဆင်း -36gm
ကြက်သွန်ဖြူ နုတ်နုတ်ဆင်း -12gm
နနွင်းမှုန့် -1gm
အရောင်တင်မှုန့် -15gm
ဆီ -2TBS(30gm)
သကြား -10gm
ပုဇွန်ငံပြာရည် -10gm
ရေ -200cc
နံနံပင် အလှဆင်ရန် -2leaves
-------------------------------
ပြုလုပ်ပုံ
ပထမဦးစွာပုဇွန်အားချီးထုပ်သန့်စင်ထားရပါမည်။ပုဇွန်တစ်ကောင်အားအတုံးခလေးများတုံးပေးရပါမည်။
ဆီဖြင့်ကြက်သွန်ဖြူ ကြက်သွန်နီ နနွင်းမှုန့် ရောင်တင်မှုန့်
တို့အားရောကာဆီသက်ရပါမည်။ခရမ်းချဉ်သီးနုတ်နုတ်ဆင်း
အားထပ်မံထည့်ကာအနှစ်ဖြစ်အောင်ချက်ရပါမည်။
အရသာများထည့်ပေးရပါမည်။
အနှစ်75%ကျက်သောအခါပုဇွန်အတုံးခလေးများနှင့်အကောင်လိုက်အားထည့်ကာကျက်သည့်အထိရေဖြင့်လုံးကာချက်ပေးရပါ
မည်။အားလုံးကျက်သွားပြီဆိုပါက အလှဆင်ရန်ချန်ထားသောခရမ်းချဉ်သီးတစ်လုံးအားပါးပါးလှီး
ကာ ထမင်း၏အလယ်တွင်ထည့်ကာအပေါ်မှအနှစ်များပုဇွန်များ
တင်ကာချက်ပြုတ်ထားပါသည်။

Credit: https://www.facebook.com/photo.php?fbid=415618652111403&set=pcb.1354144577970081&type=3&theater

ငါးရံ့လက်သုပ်

 စားဖိုမှူးများ ပျော်မြူးရာ Group က ကျင်းပတဲ့ ဟင်းချက်ပြိုင်ပွဲမှ ဟင်းချက်နည်းလေးများကို စုစည်းဖော်ပြပေးပါမယ်။ တစ်စုတစ်စည်းတည်း ပြန်လည်လေ့လာနိုင်အောင်ပါခင်ဗျာ။
Code Number 15 Min Thant ပါခင်ဗျာ
ငါးရံ့ လက် သုတ်ဟင်းရည် ( နှစ်ယောက်စာ )

ပါဝင်ပစ္စည်းများ…………
ငါးရံ့ ……………………… ၃၀ သား
ကြက်သွန်ဖြူဥကြီး …… ၄ မွှာ
ကြက်သွန်နီ……………… ၇ ကျပ်သား
ပူစီနံ…………………………တစ်စည်း
လဘက်စားဇွန်း……………၃ ဇွန်း
ကြက်သားမှုန့်……………… တစ်ဇွန်းခွဲ
ဗမာငံပြာရည်…………………သင့်ရုံ
ကြက်သွန်ကြော်……………လဘက်စားဇွန်း ၅ ဇွန်း
နနွင်းမှုန့် ………………………ဇွန်းတစ်စိတ်
နံနံပင် …………………………သင့်ရုံ
သံပုရာသီးအရည်ရွှမ်းလေး……၂ လုံးခွဲ
ငြုပ်သီးအကျက်မှုန့်………………သင့်ရုံသာ
စပါးလင် …………………………၂ ချောင်း
ရှောက်ရွက် အနု ………၁၀ ရွက်
ငုံးဥ……………………………… ၆ လုံး

ပြုလုပ်နည်းအဆင့်ဆင့်……………………
၁…ရှေးဦးစွာငုံးဥကိုပြုတ်ရန်ရေကိုဆူအောင်
တည်ရပါမည်။
ရေဆူမှသာဆားအနည်းငယ်ထည့်ပြီးငုံးဥ
ထည့်ရမည်။ ငုံးဥများမကွဲစေရန် ၁ မိနစ်ခန့်
ဖြေးဖြေးချင်းမွှေရပါမည်။
၁၀မိနစ်လောက်ဆိုလျှင်ငုံးဥကျက်ပါပြီ။
အလုံးလှစေရန်နှင့် တဖက်မလိုက်စေရန်
မွှေရခြင်းဖြစ်ပါသည်။
၂… ငါးရံ့ ၃၀ သားကို အကြေးခွံများမပါအောင်
ရေဆေးသန့်စင်ရမည်။ ပြီးလျှင်
လက်နှစ်ဆစ်ခန့်အတုံးများတုံး၍
အချိုမှုန့် လဘက်စားဇွန်းတစ်ဝက်
ကြက်သားမှုန့်လဘက်စားဇွန်းတစ်ဝက်နှင့်
ရောနယ်ပြီး ၅ မိနစ်လောက်နှပ်ထားပါ
၃…စပါးလင်ကို အရင်းမှလက်နှစ်ဆစ်ခန့်စီ
ဖြတ်၍ ပါးပါးလှိး
ကြက်သွန်ဖြူ ဥ ၄ မွှာကိုလည်း စပါးလင်နှင့်
ရောပြီးထောင်းပါ
ရှောက်ရွက် ၁၀ ရွက်ကိုလည်းပါးပါးလှိး
ကြက်သွန်နီ ဥကြီး ၇ ကျပ်သားကိုလည်း
ပါးပါးလှီးပြီးရေဆေးထားရမည်။
ပူစီနံ ကိုလည်းရေးဆေးပြီးအရွက်ခြေထား
ရမည်
နံနံပင်ရေဆေးပြီးသင့်ရုံဖြတ်ထား
သံပုရာသီးကိုလည်းအစိတ်လေးများလီးထား
ငြပ်သီးအကျက်မှုန့် ကိုလည်း
အသင့်စားနိုင်အောင် ပုဂံ တခုတွင် ထားပါ
၎…စပါးလင်နှင့် ကြက်သွန်ဖြူကိုညက်အောင်
ထောင်းပါ ပြီးလျှင် ငါးဆနွင်းနယ်ပြီးသားကို
ရော၍ ရေကို ငါး ၏ အပေါ်လက်တစ်ဆစ်ခန့်
ထည့်၍ ပြုတ်ပါ
၇မိနစ်ကြာလျှင်ငါး ကျက်ပါပြီ
၅… ထို ငါးပြုတ်ရည်ဖြင့် အခွံနွှာပြီးသားငုးံဥ
၆လုံးကို အချိုမှုန့် ဆားပါးပါးဖြင့်
ငုံးဥ ကိုရေမြုတ်ရုံသာထည့်ပြီး ရေခန်းသည့်
အထိ ပြုတ်ပါ။
ထိုမှသာငုးံဥထဲအရသာဝင်ပါမည်
ခနခန အရောင်လှစေရန်လှည့်ပေးနေမှ
ဖြစ်ပါမည် ။
မလှည့်ပေးလျှင်ဆားပါသောကြောင့်
ဒယ်အိုးဖင်နှင့် တဘက်လိုက်သည့်အခါ
ငုံးဥအောက်ခြေမှာ အမဲကွက်လေးများ
ဖြစ်သွားပါလိမ့်မည် ။
ရေခန်းသွားလျှင် အသင့်စားရန်အတွက်
ဆယ်ပြီးရေဆေးထားပါ
၆… ငါးရံ့ ဟင်းရည်ကိုပူပူလေးဖြစ်မှ စားသုံး
ရပါသည်
ဆူပြီးနေသောငါးရံ့ ပြုတ်ဟင်းရည်အထဲကို
အရသာထည့်ထားသော ငုံးဥကိုထညိ့
ပါးပါးလှီးထားသော ရှောက်ရွက်ထည့်
ပူစီနံထည့်
ငြုပ်သီးအကျက်မှုန့်ထည့်
ကြက်သွန်နီ ပါပါးလေးလှိးထားတာကိုထည့်
ကြက်သွန်ကြော်ကိုလည်းထည့်
ပြီးလျှင်သံပုရာသီးအချဉ်လေး ညှစ်ပြီး
ပူပူလေး ချဉ်စပ်စပ်နှင့်
ထမင်းဆီဆမ်း မွှေးလေးနှင့်
တွဲဖက်သုံးဆောင်မိအခါ
ငါးရံ့လက်သုတ်ဟင်းရည် တစ်ခွက်အတွက်ပြည့်စုံစွာ သုံးဆောင်နိုင်ပါပြီ
ခင်ဗျာ…………။
မှတ်ချက် …… ဤငါးရံ့လက်သုတ်ဟင်ရည်မှာ
Code Number 15
Min Thant fb name ကိုယ်တိုင်မှ
ဖန်တည်းသောဟင်းလျှာဖြစ်ကြောင်း
အာမခံပါသည်ခင်ဗျာ။

Credit : https://www.facebook.com/photo.php?fbid=378433939182996&set=pcb.1354130677971471&type=3&theater

ကြက်ကရင်သုပ်

 စားဖိုမှူးများ ပျော်မြူးရာ Group က ကျင်းပတဲ့ ဟင်းချက်ပြိုင်ပွဲမှ ဟင်းချက်နည်းလေးများကို စုစည်းဖော်ပြပေးပါမယ်။ တစ်စုတစ်စည်းတည်း ပြန်လည်လေ့လာနိုင်အောင်ပါခင်ဗျာ။
ကြက်ကရင်သုပ်

ကျွန်မတို့ရွာရိုးရာအဖိုးမြှောက်တဲ့အခါသုပ်တဲ့ပုံစံလေးပါ
ရိုးရိုးအိမ်ကြက်ကိုအသုံးပြုရပါမယ်ရှင်
ကြက်သား၂၅ကျပ်သား
စပါးလင်တချောင်း
ကြက်သွန်ဖြူ ၁အု
ပုဇွန်ငံပြာရည်စားပွဲတင်ဇွန်း၂ဇွန်း
ရေ ၁၀၀၀ml ဖြင့်နူးလာသည်အထိပြုတ်ပါ
ငရုတ်ပွ၅တောင့်ရေစိမ်ပါ
ကြက်သွန်နီ၂လုံးပါးပါးလှီး၍ရေဆေးပီးစစ်ထားပါ
သံပုရာသီး အရည်ရွှမ်းရွှမ်းမှည့်မှည့်တလုံး
နံနံပင်အနည်းငယ်လှီးထားပါ
ငရုတ်ပွ၅တောင့်အားဆား လဘက်ရည်ဇွန်းတဇွန်းဖြင့်ထောင်းပါ
ငရုတ်သီးမညက်တညက်ဆိုလျှင်ရပါပြီ
ကြက်သားနူးလာလျှင်ဆယ်ပီးအအေးခံထားပါ
အသားအားမျှင်၍ ထောင်းထားသောငရုတ်သီး ကြက်သွန် နံနံပင်ဖြင့်ရောနယ်ပါ သံပုရာရည်​ညှစ်ပါ ငံပြာရည်​လဘက်ရည်ဇွန်း၁ဇွန်းထည့်ပါ အချိုမှူန့်အစားထိုး Hondashi လဘက်ရည်ဇွန်းတဇွန်းထည့်၍ရောနယ်ပါ ကရင်ရိုးရာကြက်သားသုပ်လေးရပါပြီ ။ ။


Credit : https://www.facebook.com/photo.php?fbid=1772067933119145&set=pcb.1353546758029863&type=3&theater

Wednesday, May 10, 2017

ရခိုင်မုန့်တီ ချက်နည်း

 ဒါကတော့ ကျောက်ဖြူသူလေးရဲ့ ရခိုင်မုန့်
 ရခိုင်မုန့်တီဟင်းရည်ချို ကောင်းကောင်းတစ်ခွက်ရဖို့ ဘယ်ဟာ အဓိက ကျပါသလဲ ?
 Image may contain: food
ငပိကောင်းကောင်းနဲ့ ငါးကောင်းကောင်းရရှိဖို့ လိုအပ်ပါတယ်.. ငါးလို့ပြောလိုက်ရင် ငါးရွှေတစ်မျိုးတည်း သုံးလို့ရတာ မဟုတ်ပါပဲ တခြားအချိုဓါတ်များ ပေးစွမ်းနိုင်တဲ့ ငါးတစ်ချို့ကိုလည်း အသုံးပြုနိုင်ပါတယ်ရှင်.. တချို့တွေ အိမ်မှာ ချက်စားကြတာဆိုရင်တော့ ငါးရှာမရတဲ့အခါ ပုဇွန်ကို သုံးပြီး ချက်တတ်တာတွေလည်း ရှိပါတယ်.
Image may contain: food
ရခိုင်မုန့်တီ ချက်ရန်ပါဝင်ပစ္စည်းများ
1. ငါးရွှေ or ငါးလိပ်ကျောက် or ပုဇွန်
2. ငပိ
3. ကြက်သွန်ဖြူ
4. ငရုပ်ကောင်းစေ့အမဲ
5. ငရုပ်သီးစိမ်း
6. ကြက်သွန်နီ
7. မကျည်းသီး
8. နံနံပင်
9. ဆား
ရခိုင်မုန့်တီ ဟင်းရည်ချက်ပြုတ်နည်း
ငါးရွှေကို ဆေးကြောသန့်စင်ပြီး ငါးရွှေပြုတ်မယ့် အိုးထဲတွင် ရေကို ငါးရွှေမြှပ်အောင်ထည့်ပြီး ငါးရွှေသား နူးအိချက်သွားအောင်ထိ ပြုတ်ပေးပါ.. မီးခွင် ၂ ခု သုံးသူများ ဆိုရင်တော့ နောက်မီးခွင်တခုတွင် ငပိကို ရေသင့်တော်ရုံထည့်ကာ ကြိုပေးပါ.. ငပိတုံးကို ဆားအနည်းဖြင့် နယ်ပြီး ကြိုရင် ငပိတုံးပျော်တာမြန်ပါတယ်.. ငပိကြိုကျက်လာချိန်တွင် အနည်ထိုင်သည်ထိ အအေးခံထားပေးပါ..
ငါးရွှေပြုတ်ရပြီး ဆိုလျှင် ငါးအသားကို ဆယ်ပြီး အအေးခံကာ ငါးရွှေအရိုးနွင်ပေးပါ..ငါးပြုတ်ရည်ကိုလည်း ဟင်းချိုချက်ရန် မလွှင့်ပြစ်ဖို့ သတိပြုပါ.. တချိန်တည်းမှာပင် ငရုပ်သီးချက်ချက်ရန် ငရုပ်သီးစိမ်းကို ရေအနေတော်ထည့်ကာ ပြုတ်ပေးပါ.. ငပိနဲ့ ငရုပ်သီးစိမ်းကို ပြုတ်ပေးခြင်းဖြင့် ဗိုက်မနာအောင် ကာကွယ်ပေးပြီး ငရုပ်စိမ်းမှ ရတဲ့ အနံ့ကို ပျေက်ကင်းစေအပြင် အစပ်လျော့နည်းစေပါတယ်..
ငါးအသားနွှင်ကို ဟင်းရည်ချိုမှာ ထည့်သလို့ ငရုပ်သီးအာပူချက်တွင်လည်း ထည့်ပေးရပါတယ်ရှင်.. ရလာတဲ့ ငါးအသားနွှင် ၃ ပုံ ၂ ပုံ ၊ ငါးပြုတ်ထားတဲ့ အရည် ၊ ငပိမှ အရည်ကြည် ( အနှစ်ရည်ကို မထည့်တာ အကောင်းဆုံးပါ) ရောပြီး ဟင်းချိုကြိုမယ့် အိုးထဲတွင် ပေါင်းထည့်ပြီး ရေပွက်လာသည်ထိ ကြိုပေးပါ.. ဟင်းရည်အိုးဆူနေချိန်ကို ကြာကြာထားပေးရပါတယ်.. ငါးရွှေမှ အချိုရည်များ ထွက်လာပြီး ဟင်းရည်ချိုလေး ရလာရန်ဖြစ်ပါတယ်..
ဆူပွက်ပြီး အနည်းငယ်ကြာလာချိန်တွင် ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့မဲ(ငရုပ်ကောင်းစေ့ အမဲရောင်မှ ပိုအနံမွှေးပါတယ်)ကို ရောထေားင်းကာ ထည့်ပေးပါ.. ဆားလိုသလောက် ထည့်ပေးပါ.. ဟင်းချိုမှုန့် or အရသာမှုန့်ကို ကြိုက်တဲ့သူများ ထည့်ပေးလို့ ရပါတယ်.. ကျမကတော့ တတ်နိုင်သမျှ မစားသူမို့ မထည့်ပါဘူး.. အပေါ့အငန်မြည်းပြီးပြီ ဆိုရင် ရခိုင်မုန့်တီ ဟင်းရည်ချိုတခွက်ရပါပြီးရှင်..
ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း
ငရုပ်သီးစိမ်းကို ရေနွေးဖြင့်ပြုတ်ပြီး ရလာသော ငရုပ်သီးစိမ်းကို ထောင်းပါ သို့မဟုတ် blender ဖြင့် ကြိတ်လိုက်ပါ.. ရလာသော ငရုပ်သီးအနှစ် ၊ ငပိရည် ၊ ငါးအသားနွှင် ၃ ပုံ ၁ ပုံ ၊ ဆားလိုသလောက် ခန့်မှန်းထည့်ကာ ကြိုချက်ပေးပါ.. ဆူပွက်လာချိန်မှာ အပေါ့အငန်းမြည်းပြီးရင် ငါးရွှေအဖတ်ကလေးများဖြင့် ငရုပ်သီးအနှစ်ချက်ရပါပြီး.. တချို့တွေကတော့ ငရုပ်သီးအနှစ်ချက်မှာ ဟင်းချိုမှုန့်ခတ်တတ်ကြပါတယ်.. ကျမကတော့ ဟင်းချိုမှုန့်ကို တတ်နိုင်သမျှမစားသုံးသူမို့ ငါရွှေဖတ်များများထည့်ကာ အစပ်လျော့စေပါတယ်..
နောက်ထပ် ပြင်ဆင်ထားရန်များ
ဆီချက်သတ်ပေးပါ..
မကျည်းသီးအနှစ်ရည် ဖျော်ထားပါ.
နံနံပင် လှီးထားပေးပါ..
ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့အနည်းငယ် ရောထောင်းထားပေးပါ.
ကြက်သွန်စိမ်း ပါးပါးလှီးထားပေးပါ.. ( ကြိုက်သူများ အတွက်သာ)
သံပုရာသီး အစိပ်လေးတွေ လှီးထားပေးပါ
ငရုပ်သီးအကြက်မှုန့် အနည်းငယ် ပြင်ဆင်ထားပါ
ကိုယ်ကြိုက်ရာ ပဲကြော် ငဆုပ်ကြော် ၀က်ဆီဖတ် တမျိုးမျိုး ပြင်ဆင်ထားပါ.
အထက်က လုပ်နည်းတွေအတိုင်း လုပ်ထားပြီးပြီ ဆိုလျှင်တော့ ရခိုင်မုန့်တီ အရည် ၊ အသုပ်မျိုးစုံ စားလို့ ရပါပြီးရှင်..
ရခိုင်မုန့်တီသုပ်နည်း
ကိုယ်စားနိုင်မယ် ထင်သလောက် မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ ...... ချက်ထားတဲ့ငရုပ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ ..မကျည်းသီးအနှစ်ဖျော်ရည် နည်းနည်းထည့်ပေးပါ.. ဆားလိုသလောက် ထည့်ပေးပါ.. ဆီချက်ကို ကြိုက်သူတွေလည်း ထည့်စားတတ်ကြပြီး မထည့်ပဲ စားတတ်တဲ့ သူတွေလည်း ရှိပါတယ်.. ရခိုင်မုန့်တီသုပ်မှာ ငရုပ်သီးအနှစ်ချက်က အဓိက ကျပါတယ်.. ကျမကတော့ မုန့်တီသုပ်ဆိုရင် မကျည်းနှစ်ဖျော်ရည်ဖြင့် သုပ်စားရတာ ကြိုက်ပြီး တစ်ချို့တွေကြပြလည်း သံပုရာသီး အနည်းငယ်ညှစ်ထည့်ကာ ကြက်သွန်စိမ်းပါးပါးလေး လှီးထည့်ကာ စားကြပြန်ပါတယ်.. ကိုယ်ကြိုက်နှစ်သက်ရာ အကြော်တစ်မျိုးကို ညှပ်ထည့်ကာ ရောသုပ်လိုက်ပါ.. သုပ်ပြီးပြီးဆိုရင်တော့ အပေါ်ကနေ နံနံပင်ညှပ်ထားတာလည်းကို အုပ်ထည့်လိုက်ပါ.. ဒါဆိုရင်တော့ ကျမတို့အကြိုက် ရခိုင်မုန့်တီသုပ်တစ်ခွက် ရရှိလာမှာ ဖြစ်ပါတယ်ရှင်..
ရခိုင်မုန့်တီသုပ်စားရင် ရခိုင်မုန့်တီ ဟင်းရည်လေး တစ်ခွက်မှာ နံနံပင်လေး ထည့်ပီး သောက်ပေးကာမှ ပြည့်စုံမှာပါနော်..
ပျော်ရွှင်ကြပါစေရှင်..
@KayukPhyuThu
Credit: https://www.facebook.com/groups/953315821395164/permalink/1045908232135922/

Tuesday, May 9, 2017

ငါးထမင်းနယ်

Image may contain: food 
မမီးရဲ့ ငါးထမင်းနယ် လုပ်နည်းလေးပါ 
 
ငါးထမင်းနယ်ကို ရှမ်းဆန်နဲ့ နယ်မှ ကောင်းတယ်ဆိုပေမဲ့၊ ဆန်သစ်ပေါ်ချိန် ဆန်ကောင်းကောင်းနဲ့ နယ်ရင်လည်း စီးနေတာပါဘဲ၊
1. ဂျပန်ဆန်၊ ရှမ်းဆန် ၁ ၁/၂ ခွက်(ဆန်ချိန်ခွက်) ကို ချက်ထားပါ။ ခရမ်းချဉ်သီးထိပ်မှာ အပေါင်းလက္ခဏာ အရာလေးပေးပီး ထမင်းနဲ့ အတူ ရောချက်ပါ။ (အဲဒီ ဆန်တွေ မရနိုင်ရင် ကောက်ညှင်းဆန် ခွက်တ၀က် ကို ရိုးရိုး ဆန်ကောင်း ၁ ခွက်နဲ့ ရောချက်ပါတယ်)။ အာလူးကို အခွံနွှာပီး ဆန်နဲ့အတူ ထည့်ချက်ပါ။ ဆား၊ နနွင်း ၊ ကြက်သွန်ဖြူကြော်ဆီချက်မှ ဆီ အနည်းငယ်ထည့်ပီးချက်ထားပါ။
2. ကြက်သွန်နီ ၁ လုံးနဲ့ အဖြူ ၃-၄ မွှာကေို နုတ်နုတ်စင်းပီး နနွင်းနဲ့ ဆီသတ်ပါ၊ မွှေးလာလျှင်အတုံးတုန်းထားတဲ့ တလားဗီးယားငါး ၂ပြား (နှစ်သက်ရာငါး ၁၅ ကျပ်သား) ကို ထည့်မွှေပေးပါ၊ မစို မခြောက် အနေထားအထိ ဆီသတ်ပါ။
3. အချိုမှုန့်
4. ပဲပုတ်ထည့်လိုလျှင် ပဲပုတ်ချပ်ကလေးကို မီးကင်ပြီးထောင်းထားပါ။
5. ငရုတ်သီး အကြမ်းမှုန့်ကြော်
6. ကြက်သွန်ဖြူကြော်ဆီချက်
7. ထမင်းပူပူထဲ ငရုတ်သီး အကြမ်းမှုန့်ကြော်ကလွဲရင် အကုန်ထည့်ပြီး ထမင်းခပ်ဇွန်းနဲ့ အရင်နယ်ပါတယ်၊ အပူလျှော့သွားမှ ထမင်းလုံးပြောက်ပြီး စီးလာတဲ့ အထိလက်နဲ့ နယ်ပါတယ်။ အရသာ အနေတော်ဖြစ်ပြီဆိုရင် နှစ်သက်ရာ အလုံး အပြား..လေးထောင့် ကြိုက်သလို ပုံစံလုပ်ပီး၊ ငရုတ်သီး အကြမ်းမှုန့်ကြော် ဖြန့်ပြီးထည့်၊ ကြက်သွန်ဖြူကြော်ဆီချက်လေး ဖြန့်ပြီးထည့် ပြီးရင် ဂျုးမြစ် လေးနဲ့ တိုဟူးကြော်/ဆန်လုံးစီကြော်/ ၀က်ခေါက်ကြော်လေးနဲ့ တွဲစားပါရှင်။

Credit : https://www.facebook.com/MeeMeeTofu/photos/a.126458894364147.1073741828.126426514367385/366523207024380/?type=3&theater

ရှမ်းဆန်စီးခေါက်ဆွဲသုပ် - ရှမ်းဆန်စီးခေါက်ဆွဲရည် ပြုလုပ်ပုံ အဆင့်ဆင့် …

No automatic alt text available.ရှမ်းဆန်စီးခေါက်ဆွဲသုပ် - ရှမ်းဆန်စီးခေါက်ဆွဲရည် ပြုလုပ်ပုံ အဆင့်ဆင့် …😊
ဒါကတော့ မနန်းကလျာဦးရဲ့ ချက်နည်းလေး ဖြစ်ပါသည်။ 
 
My HomeMade Shan Noodles 😋😋
Yummy …😋😋😋
လိုအပ်သော ပစ္စည်းများ -
- ကြက်သား
- ဆား
- အချိုမှုန့်
- ဆနွင်း
- ငရုတ်သီးမှုန့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- ခရမ်းချဉ်သီး
- ဆီ
- မြေပဲ
- ကြက်သွန်မြိတ်
- ငရုတ်သီးအနီခြောက်အတောင့်
- ကြက်သားစွပ်ပြုပ်ရည်
ပြုလုပ်ပုံ အဆင့်ဆင့် -
ပုံ - ၁
No automatic alt text available.
- ကြက်သားကို အသားကြီးဘဲ လက်မတဆစ်အရွယ်လောက် အတုံးလေးတွေ တုံးပြီး ရေစင်ကြယ်စွာ ဆေးပါ !
- ရေကောင်းကောင်း စစ်ပြီး ဆား နဲ့ အချိုမှုန့် နှယ်ပါ !
- ဆား အချိုမှုန့် နည်းနည်း လေးအောင် ထည့်နှယ်ပေးပါ !
ပုံ - ၂
No automatic alt text available.
- ကြက်သွန်နီ-ဖြူ - ဂျင်းကို ရောပြီး ကြိတ်ထားပါ !
ပုံ - ၃
No automatic alt text available.
- ခရမ်းချဉ်သီး ကိုလဲ သက်သက်ကြိတ်ထားပါ !
ပုံ - ၎
No automatic alt text available.
- ဆီကို ကိုယ်ချက်မယ့် အနှစ်ထက် တစလောက်ပိုထည့်ပါ !
ဆူအောင်တည်ပါ
- ဆီကောင်းကောင်း ဆူလာလျှင်ခုန ရောကြိတ်ထားသော ကြက်သွန်နီ-ဖြူ - ဂျင်းကို ထည့်ပြီး အဝါရောင်သန်းလာတဲ့ထိ မွှေပေးပါ !
- အဝါရောင်သန်းလာလျှင် ဆနွင်းမှုန့် အနည်းငယ်ထည့်ပြီး မွှေပါ !
ပုံ - ၅
No automatic alt text available.
- ဆနွင်းထည့်မွှေရင်း အနီရောင်သန်းလာလျှင် ကြိတ်ထားသော ခရမ်းချဉ်သီးကို ထည့်ပီး ကောင်းကောင်းမွှေပါ !
ပုံ - ၆
No automatic alt text available.
- ငရုတ်သီးမှုန့် အနည်းငယ်ဘဲ ထည့်ပြီး ကောင်းကောင်းမွှေပြီးလျှင် ဆား အချိုမှုန့်နှင့် နှယ်ထားသော ကြက်သားကို ထည့်ပြီး သေချာရောနှောအောင် ကောင်းကောင်း မွှေပေးပါ !
- အသားနူးအောင် ရေနွေးအနည်းငယ်ထည့်ပြီး ဆီပြန်အောင် တည်ပါ !
- ဆီပြန်လျှင် ဆား အပေါ့အလေး မြည်းကြည့်ပြီး မီးခလုတ်ပိတ်လိုက်ပါ !
ပုံ - ၇
No automatic alt text available.
- ခေါက်ဆွဲအတွက် လိုအပ်တဲ့ ကြက်သားဟင်းအနှစ်လေး ရပါပြီ !
ပုံ - ၈
No automatic alt text available.
- မြေပဲ မိမိလိုသလောက် မညှပ်တညှပ် ထောင်းထားပါ !
- ကြက်သွန်မြိတ်ကို သေးသေးလေးတွေ လှီးဖြတ်ထားပါ !
ပုံ - ၉
No automatic alt text available.
- ငရုတ်သီးအနီတောင့်ကို ဆီပူထဲ ထည့်ကြော်ပီး စစ်ယူပြီး ထောင်းပါ !
ဘာအရောနှောမှ မထည့်ရပါ !
- ထောင်းပြီးလျှင် ခုန ငရုတ်သီးကြော်တုန်းက ပိုသောဆီနဲ့ လိမ့်နေအောင် ရောနှောလိုက်ပါ !
- မီးအပူပေးရန် မလိုပါ !
ပုံ - ၁၀
No automatic alt text available.
- ရှမ်းဆန်စီးခေါက်ဆွဲကို ရေအေးနဲ့အရင်ဆေးပါ !
- ဆေးပြီးရေများကို သွန်ပြစ်လိုက်ပြီး ဆူပွက်အောင် တည်ထားသော ရေနွေးကို ခေါက်ဆွဲပေါ်လောင်းထည့်ပါ !
- ခရင်းနဲ့အပေါ်အောက် သေချာလန် မွှေပေးပြီး ၇ မိနစ်ခန့်ထားလိုက်ပါ !
ပြီးလျှင် ခေါက်ဆွဲအလယ်အဆံကွဲပြီလား လက်လေးနဲ့ စိတ်ကြည့်ပါ !
- အဆံကွဲသွားပြီဆို ရပါပြီ !
ပုံ - ၁၁
No automatic alt text available.
- ခေါက်ဆွဲတွေကို စစ်ယူပြီး ဇလုံတခုထဲထည့်ပါ
- မြေပဲ ကြက်သွန်မြိတ် ငရုတ်သီးကြော်ထောင်းကို ထည့်ပါ
- ပြီးလျှင် ချက်ထားသော ကြက်သားအနှစ်ကို ထည့်ပြီး လက်နဲ့ သေချာရောမွှေလိုက်ပါ !
- စားလို ရပါပြီ အနံ့အရသာနဲ့ပြည့်စုံသော ရှမ်းခေါက်ဆွဲသုပ်လေး ……
ပုံ - ၁၂
No automatic alt text available.
- ခေါက်ဆွဲတွေကို စစ်ယူပြီး ဇလုံတခုထဲထည့်ပါ
- မြေပဲ ကြက်သွန်မြိတ် ငရုတ်သီးကြော်ထောင်းကို ထည့်ပါ
- ပြီးလျှင် ချက်ထားသော ကြက်သားအနှစ်ကို ထည့်ပါ !
- ကြက်သားစွပ်ပြုပ်ရည်ကို ထည့်ပြီး သံပုရာသီးလေး ညှစ်ပြီး သေချာမွှေပြီး ရှမ်းခေါက်ဆွဲအရည်ပွဲလေးကို စားသုံးလို့ ရပါပြီ !
*** ရှမ်းခေါက်ဆွဲသုပ် - ရှမ်းခေါက်ဆွဲအရည်များကို မှုန်ညှင်းချဉ် / ကြက်သွန်ချဉ် / တို့ဖူးချဉ်တို့နဲ့ တွဲဖက်စားသောက်နိုင်ပါတယ် ***
*** အရေးကြီး သတိထားရမည့်အချက်များ ***
* မဆလာလုံးဝ မသုံးရပါဘူး
* ဆနွင်း ငရုတ်သီးမှုန့် အနည်းငယ်ဘဲ သုံးရပါမယ်
* ငရုတ်သီးတောင့်ကြော်ခါနီး မတူးပါစေနဲ့ ( တူးလျှင် ခါးသွားပါမယ် )
* ရှမ်းခေါက်ဆွဲ ရေနွေးနဲ့ ပြုပ်ခါနီးတွင် အဆံကွဲရုံသာ ပြုပ်ပါ
အရမ်းမပျော့ပျဲသွားအောင် ဂရုစိုက်ပါ !
* အကယ်၍ ပျဲသွားခဲ့ရင်လဲ ရေအေးနဲ့ ၅ မိနစ်ခန့်လောက် ပြန်စိမ်ထားလိုက်ပါ
* ရှမ်းခေါက်ဆွဲ အရည်အတွက် စွပ်ပြုတ်တည်ရာတွင် ဂျင်း ကြက်သွန်ဖြူ ဆား အချိုမှုန့်သာ ထည့်တည်ပါ !
- အသေးစိတ် ထပ်မေးချင်တာ ရှိရင် Cb ကနေ လာမေးလို့ရပါတယ် !
** ဆိုင်မှာစားရင် တပွဲ ၅၀၀ - ၁၀၀၀ မဖြစ်စလောက်လေးပါတာ စားရတာ အားမရတဲ့သူတွေ အိမ်မှာ ကိုယ့်ပါကိုယ် သန့်ရှင်းလက်ဆပ်စွာ ချက်ပြုပ်စားသောက်လို့ ရပြီနော် **
ကဲ …… အားလုံးဘဲ အဆင်ပြေကြပါစေနော် 😘
အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းလAttractiveEyes Angels Angel <3 !
Credit : https://www.facebook.com/attractiveeyes.angel/posts/543777279120958