Friday, December 30, 2016

တွန့်ယမ်း ပင်လယ်စာ အရည်ကြည်

 ဒါကတော့ ချက်စားကြစို့ ထိုင်းအစား အစာများဆိုတဲ့ Page လေးမှာ တွေ့လို့ လာသိမ်းပေးထားတာ ဖြစ်ပါတယ်။
တွန့်ယမ်း ပင်လယ်စာ အရည်ကြည် .... (2 ပွဲစာ)
*** *** *** *** *** *** ၁။ ငါးအသား (5 ခု )+ ပုဇွန်( 6ကောင်)
( ကြိုက်ရာ ပင်လယ်စာများထည့် ရတယ်ရှင်)

၂ ။ စွပ်ပြုတ်ရည်.... ကြက် + ဝက်
....... ( ဟင်းချက်ဇွန်း အလုံးပုံစံ မျိုးနဲ့ ၂ ဇွန်း နဲ့ တဝက်)
၃။ စပါးလင် ၂ ပင် (နဲနဲ ထုပီးမှ တစောင်းလှီးပေး )
၎။ပဒဲကော ၁တက် ( နဲနဲ ထုပီးမှ ပါးပါး လှီးပေး)
၃။ တောရှောက်ခါးရွက်ကို လည်ကြောကြောင်း ထုတ်ပေး ပီး ဖြဲပေး...... 2 ရွက်
၎။ ကောက်ရိုးမှို 6 ပွင့် ..... ( ပိုင်းပေး)
၅။ရှမ်း နံနံရွက် 3 ရွက်
(အနေတော်လှီးပေး )
( ကြက်သွန်နီ အလုံးသေး မပါလဲရတယ်)
အရသာအတွက် ......
၁။ ငါးငန်ပြာရည် 3 ဇွန်းကနေ 4 ဇွန်းနဲ့ (ထမင်းစားဇွန်း)
၂။ သံပရာရည် 2 ဇွန်း ကနေ 3 ဇွန်း နဲ့ .... ( ထမင်းစားဇွန်း)
၃။ ငရုပ်သီးစိမ်း ၁၀ လုံး ကနေ ၂၀ လုံး

ချက်ပြုတ်နည်းများ .....
အိုးထဲ စွတ်ပြုတ်ရည်ထည့် ဆူအောင်တည်ပေး စပါးလင် ပဒဲကော ကို ထည့်
အရည်ဆူလာရင် မှိုထည့် .... ပင်လယ်စာထည့်ပေး မကျက်ခင် ....
အရသာကို
ငရုပ်သီး+ ငါးငန်ပြာရည် ... ထည့်
..... တောရှောက်ခါးရွက် ဖြဲထည့်..
ပီးရင် ရှမ်းနံနံရွက်ထည့်ပီး မီးပိတ်လိုက်ပါ...
ထို့နောက် သံပရာရည်ပြန်ထည့်ပေးပါ ....
ပီးရင်
စားသုံးတဲ့ပန်ကန်ထဲထည့် ရှမ်းနံနံရွက် ဖြူးပီး ငရုပ်သီးခြောက်ကြော်ထည့်ပေး
သုံးဆောင်လို့ရပီးရှင်။
( ငရုပ်သီးခြောက်ကြော် မပါလဲရတယ်ရှင် ..... ပင်လယ်စာတွန့်ယမ်းဟင်းဆိုရင် ခဏခဏ မမွှေကြပါရှင် )
(အရည်မပျစ်မကျဲ နို့စိမ်းနဲ့ ထည့်တဲ့ တုန့်ယမ်းမျိုးဆိုရင် ....
မီးမပိတ်ခင် ဟင်းချက် ငရုပ်သီးမီးကင် ဆီချက်မျိုး ထည့် မွှေပေး ပီး
မီးပိတ်လိုက်ပါ ပီးရင်
နို့စိမ်းပြန်ထည့်မွှေ ပေး သံပရာရည် နောက်ဆုံးထည့်ပေးပါ )
စွပ်ပြုတ်ရည်လုပ်နည်း....
၁။ကြက်ဆစ်ရိုး+ ဝက်ဆစ်ရိုး
၂။ ထိုင်း နံနံပင် အမြစ် + ကြက်သွန်ဖြူ
၃။ ဆား
ပြုလုပ်နည်း ....
မီးပျင်းပျင်းနဲ့ ရေ ကို ဆူပွတ်အောင်တည်ပေး
ကြက်ဆစ်ရိုးထည့် နံနံပင်အမြစ် + ကြက်သွန်ဖြူထည့်ပေး
ဆား ပြန်ထည့် ...
ထို့နောက် ရေပြင်ပေါ အညစ်အကြေး
များခတ်ပေးပီး...
ပီးမှ မီးကို ပြန်ဆော့ချပေး
၁နာရီ ခွဲ လောက်တည် ထားပေးပါ....
ကြက်စွပ်ပြုတ်ရည်ရပီးရှင်...
မှတ်ချက် ....
၁။ တွန်းယမ်းဟင်းက ထိုင်းအစားအစာ စစ်စစ်ပါရှင် ..... ကြက်... ဝက်.... ပင်လယ်စာ .... အရည်/ အခြောက်မျိုး ... ကွတ်တယို တွန်ယမ်းများ .... တွန့်ယမ်းထမင်းကြော်များ အမျိုးမျိုးလုပ်စားလို့ရတယ်ရှင် ....
မူရင်းတွန့်ယမ်းဟင်းက အချိုမှုန့် မပါ ... ဆားမပါ .... သကြားမပါဘဲ...
အဓိက စွတ်ပြုတ်ရည် ကောင်းကောင်း လုပ်တတ်ဖို့လိုတယ်ရှင် ......
အရသာက ချဉ်ငန်စပ်ဖြစ်ပီး .... ငါးငန်ပြာရည် သံပရာရည် ငရုပ်သီးစိမ်း ......
ဒီ အရသာ သုံးမျိုးဘဲ ထည့်လေ့ရှိတယ်ရှင် ..
ပါဝင်တဲ့ ပစ္စည်းများ တချို့ ကွဲပြားတတ်သည်...
၂။ ထိုင်း စားသောက်ဆိုင်တိုင်း စွတ်ပြုတ်ရည်များ မရှိမဖြစ် လိုအပ်ပီး
အချိန်မရွေး သုံးလို့ရအောင် အိုးကြီးကြီးနဲ့ တည်ထားကြတယ်ရှင် .... ....

credit : https://www.facebook.com/%E1%80%81-%E1%80%BA-%E1%80%80%E1%80%B9%E1%80%85%E1%80%AC%E1%80%B8%E1%81%BE%E1%80%80%E1%80%85%E1%80%AD%E1%80%AF%E1%82%95-%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%85%E1%80%AC%E1%80%99-%E1%80%BA-%E1%80%AC%E1%80%B8-1498684220344377/?hc_ref=PAGES_TIMELINE

Wednesday, December 28, 2016

အာလူးထောင်း

အာလူးထောင်း
❀ ❀ ❀
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
လွယ်ကူမြန်ဆန်ပြီးထမင်းမြိန်စေမဲ့ဟင်းလေးဖြစ်ပါတယ်။ဒီဟင်းအတွက်အဓိကလို အပ်တာကတော့ရှမ်းမုန်ညင်းချဉ်အစိမ်းဘဲဖြစ်ပါတယ်။ပြုလုပ်နည်းကိုပိုစ့်သီးသန့်တင်ထားပြီြး ဖစ်ပါတယ်။
ချက်ကြည့်ကြရအောင်နော်။


ပါဝင်ပစ္စည်း
********
အာလူး - ၅လုံး အနေတော်
မုန်ညင်းချဉ်အစိမ်း - တစ်ပန်းကန်
ကြက်သွန်နီ - တလုံး
ဂျင်းကြက်သွန်ဖြူ - တဇွန်း စားပွဲဇွန်း
ငရုပ်သီးစိမ်း - ၃တောင့်
နံနံပင် - အနည်းငယ်
ဆား - ဇွန်းတဝက်
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
----------------
(၁)ဦးစွာအာလူးကိုရေဆေးသန့်စင်ပြီးနူးအိအောင်ပြုတ်ထားပါ။
(၂)အာလူးနူးအိပါကအခွံသင်ပြီးထောင်းထားကြိတ်ထားပါ။
(၃)ကြက်သွန်ပါးပါးစိတ်ထားပါ။ဂျင်ုးကက်သွန်ဖြူထောင်းထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီတဇွန်းထည့်ပြီးကြက်သွန်နှင့်ဂျင်းကြက်သွန်ဖြူကိုမွေးလာအောင်ဆီသပ်ပါ။
(၅)မွေးလာပါကမုန်ညင်းချဉ်စိမ်းကိုထည့်မွေပေးပါ။ကြော်မိပြီးပါကအာလူးထောင်းထားသည်နှင့်ဆားထည့်ကာအားလုံးသမအောင်မွေပေးပါ။
(၆)အရသာအပေါ့အငံမြည်းပြီးငရုပ်သီးစိမ်းနံနံပင်ထည့်ကာမီးဖိုမှချပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ
........
Sofia
http://sofiafoodparadise.blogspot.com

ကြက်ကချင်ချက် (2)

ကြက်ကချင်ချက်

ဒါကတော့ နောက်တစ်နည်းပါ မင်းမင်းဆိုတဲ့ အကောင့် ပိုင်ရှင်က စားကြမယ် ချက်ကြမယ် ဖေ့ဘုတ်လေးမှာ တင်သွားတဲ့ နည်းလေးပါ။ 

လိုအပ်သောပစ္စည်း နှင့် ချက်နည်း
၁.ကြက်၂ပေါင် သေးသေးခုတ်
၂.ဖက်ဖယ် ၅ရွက် သို့မဟုတ် ရှမ်းနံနံ ပင်စိမ်းရွက်၅ရ်က်စီခန့်
၃.ကြက်သွန်ဖြူ၅တက် နုတ်နုတ်စင်း
၎.ဂျင်းအသေးလက်၂ဆစ်လောက်နုတ်နုတ်စင်း
၅.ငရုတ်သီးစိမ်း၈တောင့်တောက်တောက်စင်း
၆.ဆီ၂ကျပ်သား ရေအနည်းငယ်
၇.မက်လင်၃ဖတ်လောက် သို့မဟုတ် ချဉ်စော်ကားသီး၎ဖတ်ခန့်
၈.ဆားအနည်းငယ်
၉.အားလုံးရောနယ်ပြီး အဖုံးအုပ်ဆူလာရင် ဟင်းရည်မွှေမွှေပေး ကျက်ပြီးမွှေးလာရင် စားလို့ရပါပြီ


credit : https://www.facebook.com/photo.php?fbid=595615310618902&set=pcb.621514874678412&type=3&theater

ကြက်ကချင်ချက် (၃)

ကြက်ကချင်ချက်

ကြက်ကချင်ချက်

နာမည်ကြီး foodblogger တစ်ဦးဖြစ်တဲ့  http://www.wutyeefoodhouse.com/?p=5500/ ပိုင်ရှင် မ၀တ်ရည်ရဲ့ နည်းလေးပါ ။


ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ၀တ်ရည် အကြိုက်ဆုံး ဟင်းလျာထဲက တမျိုးအပါဝင်ဖြစ်ပါတယ်။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ တို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ် အရသာလေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းမြိန်မြိန် စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြနဲ့နော်…
ပါဝင်ပစ္စည်များ

  • ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ)
  • မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)

  • ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးစိမ်း – ၃-၄ တောင့် (အစပ်ကြိုက်သူများ ၅တောင့်ထိ ထည့်နိုင်သည်)
  • နံနံပင် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – စားပွဲတင်ဇွန်း တ၀က်
  • ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ချဉ်စော်ခါးသီးခြောက် – လက်တဆုပ်စာ (၁၀မိနစ်ခန့် ရေစိမ်ထားပါ)
  • ဖက်ဖယ်ရွက် – လက်တဆုပ်စာ
(ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက် သံဈေးတွင် ၀ယ်ယူနိုင်သည်)

ပြင်ဆင်နည်း
၁။ အရင်ဆုံး ကြက်သားတုံးများကို ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။
၂။ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကို ဆုံထောင်းဖြင့် ညက်ညက်ထောင်းပေးပါ။

၃။ ချဉ်စော်ခါးသီး ခြောက်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။


ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ပြီ နုပ်ထားသော ကြက်သားများကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။
၂။ ပြီမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည်(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ရေ(၄ခွက်)၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ တည်ထားပါ။

၃။ ကြက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပါ။
၎။ မျှစ်ချဉ်ထည့်ကာ နောက်ထပ် ၃မိနစ်ခန့် တည်ပေးပါ။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။

၅။ ကြက်သား ပေါ်ရုံ ရေကျန်လျှင် အရသာ အနေတော် မြည်းကြည့်ပါ။ အပေါ့အငံ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီ မီးပိတ်လိုက်ပါ။
၆။ အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

ကြက်ကချင်ချက် (1)

ကြက်ကချင်ချက် (1)♡ 
Old post >>
❀ ❀ ❀
မဆိုဖီယာ ရဲ့ နည်းပါ ။ ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
Online ကနေသင်ပေးတဲ့ မြစ်ကြီးနား က ညီမ Ja Bawk Ra Yawng ကိုကျေးဇူးအများကြီးတင်ပါ တယ်ရှင်


ပါဝင်ပစ္စည်း
********
မြန်မာကြက် - တကောင် (တပိဿာလျော့လျော့)
မြန်မာပင်စိမ်း - ဆယ်ပင်
ဖက်ဖယ်ရွက်( city mart မှာရှိပါတယ်) - ဆယ့်ငါးပင်
ရှမ်းနံနံ (ကုလားနံနံ) - ဆယ်ပင်
ငရုတ်သီးခြောက်(စပ်တဲ့အမျိုးအစား) - လက်တစ်ဆုပ်
မြန်မာကြက်သွန်ဖြူဥ - လက်တစ်ဆုပ်
ဟွားကြောင်းအစေ့( အစေ့မရှိရင် အမှုန့်) - တစ်ဇွန်း
ချဉ်စော်ခါးသီးခြောက် - လက်တစ်ဆုပ်
(အချဉ်အတွက် မရှိရင် မုန်လာဥဖြူမပါတဲ့ရှမ်းမုန်ညင်းချဉ်)
ခရမ်းချဉ်သီး ကြီးကြီး - တစ်လုံး
ရိုးရိုးနံနံပင် -အနည်းငယ်
ဆနွင်းမှုန့် - တစ်ဇွန်း
ဂျင်း - လက်တစ်ဆစ်
ဆား -၂ဇွန်း စားပွဲတင်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပြင်ဆင် ချက်ပြုတ်ပုံ
*************
1ကြက်သားကိုရေဆေးသန့်စင်ပြီးအတုံးသေးသေးတုံးထားကာချက်မည့်ဒယ်အိုးတွင်ထည့်ပါ
2.ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးခြောက်(ခပ်စပ်စပ်)၊ဟွားကြောင်းစေ့၊ ပင်စိမ်း၊ဖက်ဖယ်၊ရှမ်းနံနံတို့ကိုငရုတ်ဆုံတွင်ထည့်ပြီးထောင်းပါ။( ၎င်းအရွက်များကို မထောင်းလိုလျှင် တောက်တောက်စဉ်း၍ ထည့် နိုင်သည်။
3.ထောင်းထားသည့်အဆာပလာများကို ကြက်သားထည့်ထား သောအိုးတွင်ထည့်ပါ။
4.ဆားဆနွင်းမှည့်လင်သီးခြောက်(ချဉ်ဆော်ခါးသီးခြောက်၊ မရှိလျှင် ရှမ်းမုန်ညင်းချဉ် အနည်းငယ်)ထည့်ပါ။
5.ခရမ်းချဉ်သီးတစ်လုံးကိုချေထည့်ပါ။
(မှတ်ချက်ဟင်းခတ်အချိုမှုန်နှင့်ဆီကြိုက်ပါကပဲဆီအနည်းငယ်ထည့်နိုင်သည်။ ရိုးရာဟင်းအစစ်တွင်ဆီမပါပါ)
6.လက်အိတ်စွပ်ကာအထက်ကအိုးထဲတွင်ထည့်ထားသည်များကိုသေချာစွာနယ်ပေးပြီးနောက်မီးဖိုပေါ်တင်၍ကြက်သားမှထွက်လာသောအရည်များခမ်းခြောက် သွားသည်ထိ လုံးချက်ပေးပါ။7.ခြောက်သွားပါကကြက်သားကျက်လောက်ရုံရေထည့်၍ရေခမ်းချက်ပေးပါ။။ရေခမ်း၍ကျက်သွားလျှင်နံနံပင်၊ပင်စိမ်းအုပ်ကာသုံးဆောင်နိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

မွန်ရိုးရာသင်္ကြန်ထမင်းချက်နည်း

(၁) ဆန်ကို ဆန်ပြုတ် ပြုတ်သလို ဆန်လုံးကွဲပြီး နူးအိလာအောင် ပြုတ်ပါ။ သင်္ကြန်ထမင်းဆိုတာ လျာပေါ်တင်ပြီး အာခေါင်လေးနဲ့ဖိလိုက်တာနဲ့နုအိနေရပါမယ်။ ဆန်လုံးတွေ နူးအိသွားပြီဆို ထမင်းတွေကို ဇကာနဲ့ရေစစ်ပါ။ ထမင်းကိုစေးနေတာတွေကုန်အောင် ရေအေးနဲ့ထပ်ခါထပ်ခါလောင်းပြီး ဇကာကိုလှုပ်ကာ ရေစစ်ပေးပါ၊ရေစစ်ပြီဆို ရေခဲသေတ္တာထဲအအေးငွေ့ပေးထားပါ။



 






(၂) ကြွေပန်းကန်ပြားလေးတစ်ချပ်ပေါ်မှာ မီးစွဲနေတဲ့မီးသွေး ၃-၄ ခဲတင်ပါ။ ဖယောင်းတိုင်ကို ဓါးပါးလေးနဲ့ခြစ်ပြီး ဖယောင်းဖတ်လေးများ ခြစ်ယူပါ။ ဖယောင်းဖတ်လေးများကိုမီးသွေးခဲပေါ်အုံလိုက်ပါ။ ဖယောင်းငွေ့များ လှိုင်လှိုင်ထွက်လာပါက ခြောက်သွေ့သောအိုးတစ်လုံးကို မီးသွေးပန်းကန်ပြားပေါ်မှာမှောက်အုပ်ပြီး ဖယောင်းငွေ့များ စုယူပါ။ လုံလောက်တဲ့ဖယောင်းငွေ့ရပြီဆို အိုးကိုလှန်ပြီးရေဆွတ်ထားတဲ့ အဝတ်ပါးနဲ့အိုးမျက်နှာဝကိုလုံအောင်ချက်ချင်းအုပ်ပါ။ အဝတ်ပါးပေါ်မှအိုးထဲသို့ သောက်ရေ ကိုလောင်းချပြီး အိုးအဖုံးအုပ်ထားလိုက်ပါ  ဖယောင်းနံ့သင်းတဲ့ရေကိုရပါမယ်။ ဖယောင်းရေကို ပုလင်းနဲ့ထည့်ထားပြီး လိုသလိုရေထပ်ရော ပွါးသုံးလို့ ရပါတယ်။ သင်္ကြန်ထမင်းရဲ့ အဓိက အနံ့အရသာနဲ့ အာနိသင်ကဖယောင်းရေပါပဲ။
(၃) ငါးခြောက်  (အကောင်းဆုံးက ငါးကွမ်းရှပ်ပါ)ကိုပြုတ် အရိုးထွင်ပါ။ ပြုတ်ထားတဲ့ ငါးခြောက်ကိုပွလာအောင် ဆုံနဲ့ထောင်းပါ။ ပုဇွန်ခြောက်ထောင်းပါ။ ငါးခြောက်ထောင်းနဲ့ ပုဇွန်ခြောက်ထောင်းကို သမအောင်ရောဖွလိုက်ပါ။ အရသာပိုကောင်းပါတယ်။ ဒယ်အိုးထဲ ဆီထည့် နနွင်းအနည်းငယ်ထည့်ပြီး ငါးခြောက်နဲ့ပုဇွန်ခြောက်ထောင်းအရောကိုမီးအေးအေးနဲ့ကြွပ်လာတဲ့အထိကြော်
ပါ။  ပြီးရင်အအေးခံ ကြက်သွန်ဖြူ ကြက်သွန်နီ အကြွပ်ကြော်နဲ့ငါးခြောက်ထောင်းကြော်ရောစပ်လိုက်ပါ။ အနံ့အရသာနဲ့ပြည့်စုံတဲ့ငါးခြောက်ထောင်းကြော်ကိုရပါမယ်။

(၄) သရက်သီးစိမ်းကိုဆားအနည်းငယ် ထည့်ထားတဲ့၊ရေထဲကိုခြစ်ချပါ။ သရက်သီးကို ဒီအတိုင်းခြစ်ရင်  လေနဲ့ထိပြီး အစေးကအရောင်ပြောင်းပါတယ်။ မလှပါဘူး။ ကြက်သွန်နီပါးပါးလှီး - ပုဇွန်ခြောက်ထောင်း-  
နှမ်းနက်စိမ်းစားငါးပိ(မျှင်ငါးပိ)ကို ဆီပူလေးနဲ့လှိမ့်ထား။
 ကြက်သွန်နီဆီချက်- ပဲမှုန့်အကျက်အနည်းငယ်
ဆားအနည်းငယ်-
ဟင်းခတ်မှုန့် အနည်းငယ်
သရက်သီးစိမ်းခြစ်ထားတာကို
ရေစင်အောင်ညှစ်ပြီးအထက်ပါ အဆာပလာများနဲ့ရောနယ်ပြီးသုတ်ပါ။
အလွန်မွှေးကြိုင်အရသာရှိလှသော သရက်သီးစိမ်းသုတ်ကိုရပါမယ်။

(၅) သရက်သီးစိမ်းကိုခြစ်ပါ။ ( အထက်ကပြောထားသလို)
ငါးခြောက်ပြုတ်ပြီးပွလာအောင်ထောင်းပါ။
(အထက်ကအတိုင်း)  ငါးခြောက်ထောင်းနဲ့ပုဇွန်ခြောက်ထောင်းရောဖွထားပါ။
ကြက်သွန်နီအခွံခွါ၎စိပ်စိပ်ထားပါ။ (ကိုယ်ထည့်ချင်သလောက်ပေါ့)
ဒယ်အိုးထဲဆီထည့် နံနွင်းအနည်းငယ်ထည့်
ဆီပူလာရင်ကြက်သွန်နီတစ်လုံးလောက်ပါးပါးလှီးထားတာကိုထည့်။ စိမ်းစားငါးပိအနည်းငယ်ထည့် ဆီသတ်ပါ။
စိမ်းစားငါးပိကိုရေနဲ့ဖျော်မထည့်ပါနဲ့၊ အနံ့ပျက်ပါတယ်။
ဆီသတ်ထည့်တာအနံ့အရသာပိုကောင်းပါတယ်။
ဆီသတ်ပြီးတာနဲ့သရက်သီးခြစ်ထားတာကို ရေစင်အောင်ညှစ်ပြီးထည့်ပါ။ ဆီနဲ့ခဏလှိမ့်ကြော်ပါ။
ပြီးရင်ရေစပ်စပ်လေးထည့်ပြီးဆက်ကြော်ပါ၊ ရေများများမထည့်ပါနဲ့။ အကြော်ပျက်စီးသွားပါမယ်။
ရေခန်းလာတာ ၃ ပုံ ၁ပုံဖြစ်ပြီဆို ငါးခြောက်ပုဇွန်ခြောက်ထောင်းအရောကိုထည့်ပါ၊ဆက်ကြော်ပါ။
ရေခန်းတာကုန်ခါနီးမှာ ကြက်သွန်နီ ၄ စိပ်ခွဲထားတာတွေထည့်
မီးလျော့ ဆက်ကြော်ပါ။
ဆီပြန်လာပြီးကြက်သွန်နီအစိပ်လေးတွေ ကျက်လာပြီဆိုအရောင်လေးကြည်လင်လာပါမယ်။ တအားနွမ်းအောင်မကြော်ပါနဲ့
အရသာပေါ့သွားပါမယ်။
ကြော်နေစဉ်မှာ ဆား- ဟင်းခတ်မှုန့့် လိုသလိုထည့်ပါ။
ကြက်သားမှုန့်မသုံးပါနဲ့၊အရသာပျက်ပါမယ်။
ကိုယ်လိုချင်တဲ့အနေအထားရောက်ပြီဆို
ဖိုပေါ်ကချ နှမ်းနက်လေးဖြူးး သမအောင်မွှေပေးပါ။
အရသာရှိပြီးသိပ်မွှေးတဲ့ သရက်သီးစိမ်းငါးခြောက်ထောင်းကြော်ပါ။ (ကျွန်မတို့ မွန်လူမျိုးတွေကတော့
သင်္ကြန်ကြော်လို့ ခေါ်ပါတယ်)

(၆) ငရုပ်သီးခြောက်ကိုအတောင့်လိုက်အ တိုင်းကြွပ်အောင်ကြော်၊အအေးခံပါ။
(၇) ရေခဲသေတ္တာထဲအအေးငွေ့ပေးထား တဲ့ ထမင်းပြုတ်ကို ပန်းကန်ထဲထည့် ဖယောင်းသင်းရည် ထမင်းမြုပ်ရုံထည့်။ ငါးခြောက်ထောင်းကြော်သရက်သီးစိမ်း သုတ်သင်္ကြန်ကြော်ငရုတ်သီးတောင့်ကြော် တို့နဲ့တွဲဖက်စားသုံးပါကအနံ့အရသာ နှင့်ပြည့်စုံသော အပူဒဏ်ခံနိုင်တဲ့ မွန်တို့ ရိုးရာ သင်္ကြန်ထမင်းကို
အမြဲသတိတရ ဖြစ်နေကြမှာပါ။
(ထမင်းစားပြီးပါက ပန်းကန်ထဲမှာကျန်နေသော ရေကို
သောက်ပါရှင် အလွန်ကိုပဲရင်ထဲအေးစေပါတယ်)
==================================
ကျွန်မ မော်လမြိုင်သူစစ်စစ် အိမ်မှာချက်တဲ့ရှေးနည်းအတိုင်း
ရေးထားပေးပါသည် **
Credit ~မော်လမြိုင်သူ She She
https://www.facebook.com/kyaw.soe.54738/posts/769590893184295

Tuesday, December 27, 2016

ငါးနှပ်ဟင်း(မွန်ဟင်း) ချက်နည်း

ငါးနှပ်ဟင်း(မွန်ဟင်း) ချက်နည်း
-------------------------------------
ပါဝင်သောပစ္စည်းများ
- ငါးနှပ် (၂၀)သား
- ကြက်သွန်နီ (၂)လုံး
- မရမ်းပြားခြောက် (အနည်းငယ်)
- ငရုပ်သီးစိမ်း (အနည်းငယ်)
- စပါးလင် တစ်ပင်
- စိမ်းစားငပိ၊ ချိုမှုန့်၊ ဆား၊ နနွင်းမှုန့် အနည်းငယ်စီ
.
ကဲ...ချက်လိုက်ရအောင်
ပထမဦးစွာ ငါးနှပ်ကို ရေစင်အောင်ဆေးပါ။ နောက် နှစ်ပိုင်းပိုင်းပါ။ ဇလုံထဲကို ထည့်ထားပါ(နောက်ဆုံးမှ ဟင်းအိုးထဲထည့်ရန်)။ ဟင်းအိုးထဲသို့ ရေမတ်ခွက်လေးခွက်စာထည့်ပါ။ ကြက်သွန်နီကို ပါးပါးလှီးထည့်ပါ။ ငရုပ်သီးစိမ်းကို လေးစိပ်ကွဲထောင်းထည့်ပါ။ မရမ်းပြားခြောက် ၅-၆ ပြားလောက်ထည့်ပါ။ ဆား၊ ချိုမှုန့်၊ နနွင်းမှုန့်အနည်းငယ်ဆီထည့်ပါ။ ငပိစိမ်းစား လက်တစ်ဆစ် လောက်ထည့်ပါ။ စပါးလင်ကို ရေစင်အောင်ဆေးပြီး အထုံးကလေးပြုလုပ်ပြီး အိုးထဲတွင်ထည့်ပါ(ထုပြီး အချောင်းလိုက်လဲ ထည့်နိုင်)။ ဟင်းချိုအိုးကို ဆူအောင်တည်ပါ။ ရေပွက်ပွက်ဆူပါက ငါးကို ထည့်ပါ။ နောက် အပေါ့အငန်မြည်းပါ။ နံနံပင်(သို့မဟုတ်)ပင်စိမ်းရွက် ကြိုက်က ထည့်နိုင်ပါသည်။ ငါးနှပ်က ကြေလွယ်သည့်အတွက် ၅မိနစ်ဆိုရင် ရပါပြီ။ ချဉ်ချဉ်စပ်စပ်နှင့် အရသာရှိသော ငါးနှပ်ဟင်းတခွက် သုံးဆောင်နိုင်ပါပြီ။ 👍
.
(ငါးနှပ်ကို တခြားနည်း ဘယ်လိုချက်လို့ရသေးလဲ သိတဲ့သူတွေ ပြောပြပေးအုံး...အားလုံးသိရအောင်)
.
*** ငါးနှပ် = အာပြဲခြောက် မဖြစ်ခင်ငါးအစိမ်း ***

Credit : www.facebook.com/biluisland/photos/a.761690393963398.1073741829.761487987316972/852781508187619/?type=3&theater

စ​တော်​ဘယ်​ရီချိ​စ်​ကိတ်

No bake,No Oven စ​တော်​ဘယ်​ရီချိ​စ်​ကိတ် ​အောက်​ခံအတွကြ်​ပုလုပ်​နည်း
*************************
Cookie......................150g
ထောပတ်​...................50g
နွားနို့....................ထမင်းစားဇွန်းနှစ်​ဇွန်း


Cookies များကိုအမှုန့်​​ခြေပြီး ​ထောပတ်​ကိုအရည်​​ပျော်​​အောင်​အပူ​ပေးပြီး၊နွားနို့ပါ​ရော၍​မွှေပါ မုန့်ဗန်း​အောက်​​ခြေတွင်​ ဖိသိပ်​ထည့်​​ပေးပြီး ​ရေခဲ​သေတ္တာထဲ ၁၅မိနစ်​ခန့်
ထည့်​ထားပါ။
အ​ပေါ်ချိစ်​မုန့်​သားအတွက်
**********************
Cream cheese................350g အခန်းအပူချိန်
Icing sugar.......................140g
ကြက်​ဥအနှစ်​.....................2ခု
Gelatin powder..............15g(၄ဇွန်းစာဖြင့်​​ဖျော်​ထားပါ)
စ​တော်​ဘယ်​ရီအသီးမရလို့ စ​တော်​ဘယ်​ရီ်​ယို နှစ်​ဇွန်း
ဒိန်​ချဉ်​.............................60g
Whipping cream.........250g
ရေ​နွေးဆူဆူ​ပေါ် တွင်​ဇလုံတင်​ပြီးCream cheeseနှင့်​သကြားကို ​ရော​မွှေပါ။ကြက်​ဥအနှစ်​၂လုံးကိုတစ်​လုံးချင်းစီထည့်​ပြီးသမ​အောင်​​မွှေပါ။
ရေ​နွေးပူပူနှင့်​​ဖျော်​ထား​သော Gelatin ပါ​ရော​မွှေပါ
Whipping creamခရင်​မ်​ကို ခရင်​မ်​သားရတဲ့ထိ​မွှေပြီး
မုန့်​သားထဲ​ရောပါ။
ဒိန်​ချဉ်​ ၊စ​တော်​ဘယ်​ရီယို တို့ပါ ထည့်​​မွှေ​ပေးပြီး မုန့်​ဗန်းထဲ​လောင်းပြီး ၃နာရီ အ​အေးခံပြီး ဘယ်​ရီသီး၊Yo Yo
ဂျယ်​လီ၊စ​တော်​ဘယ်​ရီသီး​ခြောက်​၊နာနတ်​ကွင်းယို​ခြောက်​​လေးများဖြင့်​အလှဆင်​ပါ။ စ​တော်​ဘယ်​ရီ ဂျယ်​လီ
ရေအနည်းငယ်​မုန့်​သား​ပေါ် ​လောင်းပါ။

Credit : https://www.facebook.com/1020102651398660/photos/pcb.1227248477350742/1227248397350750/?type=3&theater