Tuesday, May 9, 2017

ရှမ်းဆန်စီးခေါက်ဆွဲသုပ် - ရှမ်းဆန်စီးခေါက်ဆွဲရည် ပြုလုပ်ပုံ အဆင့်ဆင့် …

No automatic alt text available.ရှမ်းဆန်စီးခေါက်ဆွဲသုပ် - ရှမ်းဆန်စီးခေါက်ဆွဲရည် ပြုလုပ်ပုံ အဆင့်ဆင့် …😊
ဒါကတော့ မနန်းကလျာဦးရဲ့ ချက်နည်းလေး ဖြစ်ပါသည်။ 
 
My HomeMade Shan Noodles 😋😋
Yummy …😋😋😋
လိုအပ်သော ပစ္စည်းများ -
- ကြက်သား
- ဆား
- အချိုမှုန့်
- ဆနွင်း
- ငရုတ်သီးမှုန့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- ခရမ်းချဉ်သီး
- ဆီ
- မြေပဲ
- ကြက်သွန်မြိတ်
- ငရုတ်သီးအနီခြောက်အတောင့်
- ကြက်သားစွပ်ပြုပ်ရည်
ပြုလုပ်ပုံ အဆင့်ဆင့် -
ပုံ - ၁
No automatic alt text available.
- ကြက်သားကို အသားကြီးဘဲ လက်မတဆစ်အရွယ်လောက် အတုံးလေးတွေ တုံးပြီး ရေစင်ကြယ်စွာ ဆေးပါ !
- ရေကောင်းကောင်း စစ်ပြီး ဆား နဲ့ အချိုမှုန့် နှယ်ပါ !
- ဆား အချိုမှုန့် နည်းနည်း လေးအောင် ထည့်နှယ်ပေးပါ !
ပုံ - ၂
No automatic alt text available.
- ကြက်သွန်နီ-ဖြူ - ဂျင်းကို ရောပြီး ကြိတ်ထားပါ !
ပုံ - ၃
No automatic alt text available.
- ခရမ်းချဉ်သီး ကိုလဲ သက်သက်ကြိတ်ထားပါ !
ပုံ - ၎
No automatic alt text available.
- ဆီကို ကိုယ်ချက်မယ့် အနှစ်ထက် တစလောက်ပိုထည့်ပါ !
ဆူအောင်တည်ပါ
- ဆီကောင်းကောင်း ဆူလာလျှင်ခုန ရောကြိတ်ထားသော ကြက်သွန်နီ-ဖြူ - ဂျင်းကို ထည့်ပြီး အဝါရောင်သန်းလာတဲ့ထိ မွှေပေးပါ !
- အဝါရောင်သန်းလာလျှင် ဆနွင်းမှုန့် အနည်းငယ်ထည့်ပြီး မွှေပါ !
ပုံ - ၅
No automatic alt text available.
- ဆနွင်းထည့်မွှေရင်း အနီရောင်သန်းလာလျှင် ကြိတ်ထားသော ခရမ်းချဉ်သီးကို ထည့်ပီး ကောင်းကောင်းမွှေပါ !
ပုံ - ၆
No automatic alt text available.
- ငရုတ်သီးမှုန့် အနည်းငယ်ဘဲ ထည့်ပြီး ကောင်းကောင်းမွှေပြီးလျှင် ဆား အချိုမှုန့်နှင့် နှယ်ထားသော ကြက်သားကို ထည့်ပြီး သေချာရောနှောအောင် ကောင်းကောင်း မွှေပေးပါ !
- အသားနူးအောင် ရေနွေးအနည်းငယ်ထည့်ပြီး ဆီပြန်အောင် တည်ပါ !
- ဆီပြန်လျှင် ဆား အပေါ့အလေး မြည်းကြည့်ပြီး မီးခလုတ်ပိတ်လိုက်ပါ !
ပုံ - ၇
No automatic alt text available.
- ခေါက်ဆွဲအတွက် လိုအပ်တဲ့ ကြက်သားဟင်းအနှစ်လေး ရပါပြီ !
ပုံ - ၈
No automatic alt text available.
- မြေပဲ မိမိလိုသလောက် မညှပ်တညှပ် ထောင်းထားပါ !
- ကြက်သွန်မြိတ်ကို သေးသေးလေးတွေ လှီးဖြတ်ထားပါ !
ပုံ - ၉
No automatic alt text available.
- ငရုတ်သီးအနီတောင့်ကို ဆီပူထဲ ထည့်ကြော်ပီး စစ်ယူပြီး ထောင်းပါ !
ဘာအရောနှောမှ မထည့်ရပါ !
- ထောင်းပြီးလျှင် ခုန ငရုတ်သီးကြော်တုန်းက ပိုသောဆီနဲ့ လိမ့်နေအောင် ရောနှောလိုက်ပါ !
- မီးအပူပေးရန် မလိုပါ !
ပုံ - ၁၀
No automatic alt text available.
- ရှမ်းဆန်စီးခေါက်ဆွဲကို ရေအေးနဲ့အရင်ဆေးပါ !
- ဆေးပြီးရေများကို သွန်ပြစ်လိုက်ပြီး ဆူပွက်အောင် တည်ထားသော ရေနွေးကို ခေါက်ဆွဲပေါ်လောင်းထည့်ပါ !
- ခရင်းနဲ့အပေါ်အောက် သေချာလန် မွှေပေးပြီး ၇ မိနစ်ခန့်ထားလိုက်ပါ !
ပြီးလျှင် ခေါက်ဆွဲအလယ်အဆံကွဲပြီလား လက်လေးနဲ့ စိတ်ကြည့်ပါ !
- အဆံကွဲသွားပြီဆို ရပါပြီ !
ပုံ - ၁၁
No automatic alt text available.
- ခေါက်ဆွဲတွေကို စစ်ယူပြီး ဇလုံတခုထဲထည့်ပါ
- မြေပဲ ကြက်သွန်မြိတ် ငရုတ်သီးကြော်ထောင်းကို ထည့်ပါ
- ပြီးလျှင် ချက်ထားသော ကြက်သားအနှစ်ကို ထည့်ပြီး လက်နဲ့ သေချာရောမွှေလိုက်ပါ !
- စားလို ရပါပြီ အနံ့အရသာနဲ့ပြည့်စုံသော ရှမ်းခေါက်ဆွဲသုပ်လေး ……
ပုံ - ၁၂
No automatic alt text available.
- ခေါက်ဆွဲတွေကို စစ်ယူပြီး ဇလုံတခုထဲထည့်ပါ
- မြေပဲ ကြက်သွန်မြိတ် ငရုတ်သီးကြော်ထောင်းကို ထည့်ပါ
- ပြီးလျှင် ချက်ထားသော ကြက်သားအနှစ်ကို ထည့်ပါ !
- ကြက်သားစွပ်ပြုပ်ရည်ကို ထည့်ပြီး သံပုရာသီးလေး ညှစ်ပြီး သေချာမွှေပြီး ရှမ်းခေါက်ဆွဲအရည်ပွဲလေးကို စားသုံးလို့ ရပါပြီ !
*** ရှမ်းခေါက်ဆွဲသုပ် - ရှမ်းခေါက်ဆွဲအရည်များကို မှုန်ညှင်းချဉ် / ကြက်သွန်ချဉ် / တို့ဖူးချဉ်တို့နဲ့ တွဲဖက်စားသောက်နိုင်ပါတယ် ***
*** အရေးကြီး သတိထားရမည့်အချက်များ ***
* မဆလာလုံးဝ မသုံးရပါဘူး
* ဆနွင်း ငရုတ်သီးမှုန့် အနည်းငယ်ဘဲ သုံးရပါမယ်
* ငရုတ်သီးတောင့်ကြော်ခါနီး မတူးပါစေနဲ့ ( တူးလျှင် ခါးသွားပါမယ် )
* ရှမ်းခေါက်ဆွဲ ရေနွေးနဲ့ ပြုပ်ခါနီးတွင် အဆံကွဲရုံသာ ပြုပ်ပါ
အရမ်းမပျော့ပျဲသွားအောင် ဂရုစိုက်ပါ !
* အကယ်၍ ပျဲသွားခဲ့ရင်လဲ ရေအေးနဲ့ ၅ မိနစ်ခန့်လောက် ပြန်စိမ်ထားလိုက်ပါ
* ရှမ်းခေါက်ဆွဲ အရည်အတွက် စွပ်ပြုတ်တည်ရာတွင် ဂျင်း ကြက်သွန်ဖြူ ဆား အချိုမှုန့်သာ ထည့်တည်ပါ !
- အသေးစိတ် ထပ်မေးချင်တာ ရှိရင် Cb ကနေ လာမေးလို့ရပါတယ် !
** ဆိုင်မှာစားရင် တပွဲ ၅၀၀ - ၁၀၀၀ မဖြစ်စလောက်လေးပါတာ စားရတာ အားမရတဲ့သူတွေ အိမ်မှာ ကိုယ့်ပါကိုယ် သန့်ရှင်းလက်ဆပ်စွာ ချက်ပြုပ်စားသောက်လို့ ရပြီနော် **
ကဲ …… အားလုံးဘဲ အဆင်ပြေကြပါစေနော် 😘
အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းလAttractiveEyes Angels Angel <3 !
Credit : https://www.facebook.com/attractiveeyes.angel/posts/543777279120958

အသားလုံးရေစိမ် ခေါက်ဆွဲ



အသားလုံးလုပ်နည်း
***********
မ sofia ရဲ့ လက်ရာလေးပါ //
အသားလုံးကို ဟင်းရည် အိုးထည်းထည့်ပြုတ်တာနဲ့ Oven မှာ Bake လုပ်တာ နှစ်မျိုးရှိပါတယ်။ခုလုပ်ခုစားဆိုရင်တော့ ပြုတ် တာအဆင်ပြေပါတယ်။Bakeလုပ်တာကတော့ရေရှည်သိမ်းထားလို့ရပါတယ်။
ပါဝင်ပစ္စည်း
******
အမဲသားကြိတ်ထား သို့ နှစ်သက်ရာ အသား  - တစ်ဆယ်သား
ကြက်ဥအကာ - တစ်လုံး
ဆား - လ္ဘက်ဇွန်းတဝက်
ပဲငံပြာရည်  -တဇွန်း စားပွဲတင်
ဟင်းခတ်မှုန့် -တစ်ဇွန်း
ပြောင်းဖူးမှုန့် -တစ်ဇွန်း
ငရုပ်ကောင်းမှုန့် -အနည်းငယ်
ဂျင်း နုတ်နုတ်စင်း - လ္ဘက်ဇွန်း တစ်ဇွန်း
ကြက်သွန်ဖြူ နုတ်နုတ်စင်း - လ္ဘက်ဇွန်း တဝက်
ကြက်သွန်မိတ်အရင်းအဖြူပိုင်းပါးပါးလှီး -၂ပင်
ဆီ -အနည်းငယ် ဆီသပ်ရန်
ရေ- အနည်းငယ်
အသားလုံးပြုလုပ်နည်း
************
(၁)ဦးစွာပထမ အိုးတခုတွင် ကြက်သွန်မိတ်အရင်းပိုင်း ကြက်သွန်ဖြူ ဂျင်းတို့ကို ဆီသပ်ပါ။အရောင်မလိုပါကျက်ရုံ နွမ်းရုံ ကြော်ပြီးပါက ဆယ်ယူဆီစစ်ထားပါ။
(၂)ဇလုံတခုတွင်ကြိတ်ထားသောအသားနှင့် ကြက်ဥအကာ၊ဆား ၊ပဲငံပြာရည်၊ဟင်းခတ်မှုန့်၊ပြောင်းဖူးမှုန့်၊ရေအနည်းငယ်၊ဆီသပ်ထားသည် တို့ကို ထည်ြ့ပီး မွေပေးပါ။
(၃)ပြီးလျှင်ရေခဲသေတ္တာထည်းတွင်နာရီဝက်ခန့်နှပ်ထားပါ။ လုံးရ လွယ်ကူရန် ဖြစ်ပါတယ်
(၄)ပြုတ်မည့် အိုး ဖြင့်ရေတည်ပါ။ဟင်းရည်အဖြစ်သော် လည်းကောင်း ခေါက်ဆွဲ အတွက်သော်လည်းကောင်းပြုတ် ထားသော အရည် ဘဲသုံးမည်ဖြစ်၍ ဟင်းရည်တွင်အရသာထည့်ပါ။ဆားနှင့်ဟင်းခပ်မှုန့် သို့မဟုတ်chicken stockထည့်ပါ
(၅)ဟင်းရည်တွင် ဂျင်းပါးပါးလှီး၊ငရုပ်ကောင်း၊ ကြက်သွန်ဖြူ  ဓားပြားရိုက်ထည့်ပါ ။
(၆)ဟင်းရည်ဆူပွက်ပါကနှပ်ထားသောအသားကိုယူ၍လက်ရေစွတ်ကာအလုံးလေးများလုံးပြီးဟင်းရည်အိုးတွင်ထည့်ပြုတ်ပါ။အသားလုံးလေးများပေါလောပေါ်လာပါကတရုပ်နံနံအုပ်၍မီးပိတ် ဖုံးအုပ်ကာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ ။ ဟင်းအဖြစ်သုံးဆောင်လိုပါကမုန်ညင်းစိမ်းခပ်ပြီးအသားလုံးဟင်းချိုအဖြစ်တည်ခင်းနိုင်ပါတယ်။
ရေစိမ်ခေါက်ဆွဲပြင်ရန်လိုအပ်သောပစ္စည်း
**********************
ဆန်ခေါက်ဆွဲ - တပွဲစာ
ကြက်သွန်ဖြူဆီချက်  - တစ်ဇွန်း စားပွဲတင်ဇွန်း
နှမ်းဆီချက် နဲ့ဆီမွေး - တစ်ဇွန်း
ငရုပ်သီးဆီချက် - လိုသလောက်
ခရမ်းချဉ်သီးချက် - တစ်ဇွန်း
မြေပဲထောင်း - တစ်ဇွန်း
ပဲငံပြာရည် အကြည် - တဇွန်း
ကြက်သွန်မိတ်နံနံမိတ် - အနည်းငယ်
ပဲလိပ်ပြာရွက် -လိုသလောက်
ခေါက်ဆွဲကိုရေနွေးဖျောပြီးပါဝင်ပစ္စည်းများထည့်ကာအသားလုံးပြုတ်ထားသောဟင်းရည်ပူပူခပ်ထည့်ပြီးသုံးဆောင် နိုင်ပါပြီ ။ဆန်ခေါက်ဆွဲအစားဂျုံခေါက်ဆွဲ ၊ဆန်ပြားခေါက်ဆွဲများဖြင့်လည်းသုံးဆောင်နိုင်ပါတယ်။ 
credit: http://sofiafoodparadise.blogspot.com/2015/06/blog-post_14.html

Monday, April 10, 2017

ဂဏန်းလက်မ သင်္ဘောသီးထောင်း (ဆွမ့်တမ်ပူမ)

ဂဏန်းလက်မ သင်္ဘောသီးထောင်း (ဆွမ့်တမ်ပူမ)

ပင်လယ်စာ နဲ့  ဂဏန်း ကြိုက်သူတွေ အတွက် အရမ်းကို အရသာရှိတဲ့ သင်္ဘောသီး ထောင်းပါ။ ဂဏန်းအစိမ်း
ထည့်ရင် ပုဇွန် အစိမ်းသုတ်လို အရသာပါ။

ဂဏန်းလက်မ သင်္ဘောသီးထောင်း – ၁ပွဲစာ (ဆွမ့်တမ်ပူမ)

ပါဝင်ပစ္စည်းများ

သင်္ဘောသီး ခြစ် – လက် တဆုပ်စာခန့်
မုန်လာဥနီခြစ် - သင်္ဘောသီး ခြစ်ရဲ့ ငါးပုံတစ်ပုံခန့် 
ဂဏန်း အကောင်ကြီးကြီး - ၁ ကောင်
ပဲတောင့်ရှည် – ၁ တောင့်
ခရမ်းချဉ်သီး – ၁ လုံး
သံပုရာသီး – ၁ လုံး
ထန်းလျက်ခဲ – ၂ ခဲ
ပုဇွန်ခြောက် – ၁ ဇွန်း (ထမင်းစားဇွန်း)
မြေပဲဆားလှော်- ၁ ဇွန်း (ထမင်းစားဇွန်း)
ငရုတ်စိမ်းတောင့် နှင့် အနီတောင့် - ၃ တောင့် (မိမိနှစ်သက်သလို)
ကြက်သွန်ဖြူ – ၂ တက် (အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)
ပြုလုပ်နည်း

ဂဏန်း တစ်ကောင်ကို ရေ သေချာဆေး ပြုတ်ပြီး စားလို့ အဆင်ပြေရုံ ထုထောင်းထားပါ။
အစိမ်း ကြိုက်တတ်ရင် ပြုတ်စရာမလိုပါ။ ဂဏန်းက လတ်ဆတ်ဖို့ တော့လိုပါတယ်။
သင်္ဘောသီးကို ခြစ်ထားပါ။ ကျွတ်ကျွတ်လေးနဲ့ တောင့်တောင့်လေး စားချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ အမျှင် သေးသေးလေးဖြစ်အောင် လှီးထားပါ။
သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထား သို့ မဟုတ် ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။ ပွဲပြင်ဆင်တော့မယ်ဆို
ငရုတ်ဆုံထဲထမ်းလျက်ခဲတွေကြေအောင်အရင်ထောင်းပါ။ ပြီးနောက်ဖယ်ထားပါ။
နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် အနီတောင့်တွေကို မညက်တညက်လေး ထောင်းထားပါ။
သံပုရာသီးကို အူတိုင်ထုတ်၊ ၃ စိတ်လှီးပြီး အရည်ရော သံပုရာသီး အခွံတွေပါ ထည့်ထောင်းပါ။ ခုနက ဖယ်ထားတဲ့ ထန်းလျက်ခဲအကြေတွေထည့်ပါ။ ဂဏန်းတွေကို ထည့်ပါ။ သံပရာရည်နဲ့ သမအောင်မွေပေးခြင်းဖြင့် အသားတွေကျက်ပါလိမ့်မယ်။
ပဲတောင့်ရှည်ကို လက်တဆစ်ခန့် ဖဲ့ခြွေ၊ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးထည့်ပါ။ ပုဇွန်ခြောက်ထည့်ပါ။
လက် တဘက်က ဇွန်းကိုင်၊ တဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းရုံပြု (ပွတ်ချေ) ပေးပါ။ နောက်ဆုံး ခြစ်ထားတဲ့ သင်္ဘောသီါး် နဲ့ မုန်လာဥနီတွေ ထည့်ပြီး သမသွားအောင် ပွတ်ချေ ပေးပါ။
နုံ့ ပြီဆို မြည်းကြည့်ပါ။ အပေါ့အ ငံလိုချင်တဲ့ အတိုင်း ဆား၊ ငါးငံပြာရည်၊ အချိုမှုန့် နှစ်သက်ရာထည့်ပါ။ နောက်ဆုံးမှာ မြေပဲဆားလှော် အခွံချွတ် ထားတာလေးတွေ ဖြူးထည့်ပါ။
ရေခဲစိမ် ထားတဲ့ ကန်စွန်း ရိုးနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လတ်လတ် ဆတ်ဆတ် လေးတွေနဲ့ တွဲဖက် စားသုံး ကြည့်ရင် အရသာထူးတဲ့ ဂဏန်း သင်္ဘောသီး ထောင်း စစ်စစ်ကို စားနိုင်ပါပြီ။ (ထိုင်းလူမျိုးတွေက သင်္ဘောသီးထောင်းကို ကောက်ညှင်းပေါင်း၊ ကြက်ကင် (သို့) ကြက်ကြော်တို့နဲ့ တွဲဖက် စားသုံးလေ့ ရှိကြပါတယ်။)

မြန်မာနိုင်ငံအတွင်း အရသာရှိသော စားသောက်ဖွယ်ရာများ FB က သွားသိမ်းထားတာ ပါခင်ဗျာ

ရွှေဖယုံသီး နဲ့ ပင်လယ်စာ အစာသွပ်

ရွှေဖယုံသီး နဲ့ ပင်လယ်စာ အစာသွပ်

ရွှေဖယုံသီး ဟာကျန်းမာရေးအတွက် အင်မတန်ထောက်အကူပြုသော အသီးအနှံပါ ။ ရွှေဖယုံသီး ကို အခွံနဲ့ စားလျှင် ပိုဆေးဘက်ဝင်သောကြောင့် အခွံပါ အကုန် စားလို့ ရအောင် တစ်လုံး လုံးကို အစာသွပ်ပြီး ပေါင်းတဲ့ နည်းလေးကို ပြန်ရှယ် လိုက်ပါတယ် ။

ပါဝင်ပစ္စည်း

ဖယုံသီးအလုံး - ၁ လုံး (အပေါ်ခွံလေးကို ကွင်းလှီးပြီး အထဲက အနှစ်များထုပ်ပြီးရေဆေးထားပါ)
ဂဏန်း - ၃ ကောင် (ထက်ခြမ်းခြမ်းထားပါ)
ပုဇွန်ကြီး - ၁၀ ကျပ်သား (အခွံချွတ်ထားပါ)
ပဲကတီပါ - ခွက် တစ် ၀က် (ပြုတ်ပြီးသား)
ပင်စိမ်း - ၃ ပင် ( ခတ်ကြမ်းကြမ်းလေး အရိုးပါဖြတ်ထားပါ)
အုပ်စု(က)
ခရမ်းချဉ်သီး - ၃ လုံး (အစေ့ထုပ်ပြီး အတုံးလေးတွေလှီးထားပါ)
ကြက်သားမှုန့် - ၄ ဇွန်း (လက်ဖက်ရည်ဇွန်း)
ကြက်သွန်နီ - ၂ လုံး (ထောင်းထားပါ)
ကြက်သွန်ဖြူ - ၂ မွှာလောက် (ထောင်းထားပါ)
ဆီ - ၁ ဇွန်း (ထမင်းစားဇွန်း)
စပျစ်ဝိုင် - ၁ ဇွန်း (ထမင်းစားဇွန်း)
ထောပတ် - ၂ ဇွန်း (ထမင်းစားဇွန်း)
ပြုလုပ်နည်း

ဖယုံသီးကို အလုံးလိုက် ရေစဉ်အောင် ဆေးပါ ။ ပြီးလျှင် အညှာထိပ်နားလေးကနေ အ၀ိုင်းလေး လှီးပါ ။ ပြီးလျှင် အထဲမှ အနှစ်များကို ဇွန်းလေးဖြင့် ခြစ်ထုပ်ပါ ။ ခြစ်ပြီး ပြောင်သွားလျှင် ရေဆေးပါ ။ ကြက်သားမှုန့်ဖြင့် ဖယုံသီးရဲ့ အတွင်းပိုင်း လေးတွေကို့ နှံအောင် ပွတ်ပေးပါ ။
ဒယ်အိုး ပူလာလျှင် အုပ်စု (က) မှ ၀ိုင်ကလွဲလို့ ပစ္စည်းအားလုံး ထည့်တည်ပါ ။ ကြက်သွန်ဖြူ-နီ ၊ ခရမ်းချဉ်သီး နွမ်းလာလျှင် ၀ိုင်ထည့်ပါ ။ အငွေ့များ တက်သွား ပါလိမ့်မယ် ။ အဲဒီအခါကြရင် ပဲကတီပါ ၊ ဂဏန်း နဲ့ ပုဇွန်ကို ထည့်ပြီး ရေအနည်းငယ် ဖြင့် တည်ပါ ။ ဂဏန်း ၊ ပုဇွန် အရောင်ပြောင်းလာလျှင် ဆားမြည်းပါ လိုတာ ထပ်ဖြည့်ပြီး ပင်စိမ်း အုပ်ပါ ။ ပြီးလျှင် မီးဖို ပေါ်မှ ချထားပါ ။
ပေါင်းအိုးကို ရေဆူအောင် တည်ထားပါ ။ ပြီးလျှင် ဖယုံသီးထဲ သို့ ဂဏန်းချက်ကို သိပ်၍ အစာသွပ်ပါ ။
အစာသွပ်ပြီးသား ဖယုံသီးလေးများကို အပေါ်ထိပ်အုပ်လေး ပြန်အုပ်ပြီး foil ဖြင့် အလုံပတ်ပါ ။ ပြီးလျှင် မိနစ် ၁၅ မိနစ် လောက် ပေါင်းပါ ။ (ဖယုံသီး အရွယ်ပေါ် မူတည်ပြီး ဖုတ်တဲ့ အချိန် ပိုသွားပါတယ် ။ ၂၀ -၃၅ မိနစ်လောက်ပါ ။)
ဖယုံသီး နုးမနုးကို စမ်းချင်ရင်တော့ foil ကို အသာဖယ်ပြီး ဖယုံသီးလေး ကို ဓားချွန်လေးဖြင့် အသာလေး ထိုးကြည့်ပါ ။ဓားသွား အသာလေး ချောမွေ့ စွာ ထိုးလို့ ရရင်တော့ ရပါပြီ ။ အရမ်းကြီး နူးအိအောင် မပေါင်းပါနဲ့ ။ လိုသလောက် လေးတွေ လှီးပြီး စားသုံးလို့ ရပါပြီ ။ အေးချမ်းသော ဒီဇင်ဘာလမှာ ဖယုံသီး ပင်လယ်စာ အစာသွပ်ပူပူလေး စားပြီး နွေးထွေးမှု ဓာတ်ကို ရယူနိုင်ပါတယ် ။

မြန်မာနိုင်ငံအတွင်း အရသာရှိသော စားသောက်ဖွယ်ရာများ က သွားသိမ်းထားပေးတာပါခင်ဗျာ

ဂဏန်း အုန်းနို့ မာဆလာ

ပါဝင်ပစ္စည်းများ

လတ်ဆတ်သောဂဏန်းကြီးကြီး - (၃) ကောင်
ကြက်သွန်မြိတ် - (၁) (လက်ဖက်ရည် ပန်းကန်လုံး၁လက်မအရွယ် လှီးထားရန်)
ငရုတ်တောင့်နီ - ၂ တောင့် ( အလှဆင်ရန်)
ငါးငံပြာရည် - (၂) ဇွန်း (လက်ဖက်ရည်ဇွန်း)
ပာင်းခတ်မှုန့် - အနည်းငယ်
သကြား - အနည်းငယ်
မန်ကျည်းသီးမှည့်အနှစ် - ၁ဇွန်း(ထမင်းစားဇွန်း)
အရော(၁)

အ၀ါရောင်ပာင်းချက်မဆလာ(ထိုင်း) - (၁) ဇွန်း
ကြက်သွန်ဖြူ - (၁) ဇွန်း
ကြက်သွန်နီ - (၂) လုံး
ပဒဲကော - သေးသေးတစ်ခု
စပါးလင် - ( ၂) ခု ( အဖြူရောင်အပိုင်းသာ)
နနွင်းမှုန့် - (၁) ဇွန်း
ငရုတ်သီးပွခြောက်တောင့် - (၅) တောင့်
အုန်းနို့  - (၁) လက်ဖက်ရည်ပန်းကန်လုံး

ပြင်ဆင်ပြုလုပ်နည်း

1. ဒီနည်းကတော့ ပထမဆုံးပုံစံမှာ ပြထားတဲ့အရော(၁) ကို ညှက်နေအောင် ထောင်းပါ ။
2. ဂဏန်းတွေကို သန့်စင်ပြီး (၄) စိတ် ၊ (သို့) (၂) စိတ် ခြမ်းပါ ။ လက်မတွေကိုလည်း ဓါးပြားဖြင့် ခပ်ဖွဖွရိုက်ပါ ။
3. ပူနေတဲ့ ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်နှင့် အုန်းနို့ကို ရေခမ်းပြီး အုန်းဆီနံ့ မွှေးသည်ထိ ဆီသတ်ပါ ။
4. ညှက်နေအောင် ထောင်းထားသော အရော(၁)ကို ထပ်ပေါင်းဆီသတ်ပါ ။ ပြီးတော့မှ ဂဏန်းများထည့်ပေါင်းပြီး အဆက်မပြတ် မွှေချက်ပေးပါ ။
5. ငါးငံပြာရည် ၊ သကြား ၊ ပာင်းခတ်မှုန့်တို့နှင့် အရသာသွင်းပါ ။ ရေအနည်းငယ် ဖြည့်ပြီး အဖုံးအုပ်ချက်ပေးပါ ။ ကြက်သွန်မြိတ် ၊ ငရုတ်စိမ်းတောင့်နီတို့ ရောထည့်ပြီးလျှင် စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ ။


မြန်မာနိုင်ငံအတွင်း အရသာရှိသော စားသောက်ဖွယ်ရာများ
 Page က မလာတာပါ။ 

ကဏာန်းကွမ်းရွက်ချက်




ကွမ်းရွက် နဲ့ ချက်သည့်ဂဏန်းအစပ်

ပါဝင်ပစ္စည်းများ

ဂဏန်းခြောက်ကောင် (နှစ်ပိုင်းခြမ်းထားပြီး)
ကြက်သွန်ဖြူ သုံးမြွာ
ကြက်သွန်နီ နှစ်လုံး
ဂျင်း သုံးဇွန်း (စပတ)
မဆလာ (ကုလားလေးမဆလာဆိုပိုကောင်းပါတယ်)
မကျည်းသီးရေဖျော်နဲနဲ
သကြား ၂ ဇွန်း (စပတ)
ဆား
ငံပြာရည် ၂ ဇွန်း( စပတ)၊
ပဲငံပြာရည်အကြည် တစ်ဇွန်း
နံနံပင် နဲနဲ
ကွမ်းရွက် တစ်ရွက်
ချက်နည်း

ဂဏန်းကို ရေစင်စင်ဆေးပြီး ဂျင်း၊ ဆားတို့နဲ့ နယ်ရ်ျ ခဏထားပါ၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကို ထောင်းထားပါ၊
ကြက်သွန်များကို ငရုတ်သီးခြမ်းခွဲ ၁ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့ဆီသတ်ပါ။
ကြက်သွန်ရွှေရောင်သန်းပြီဆိုရင် ဂဏန်းထဲ့လုံးပါ။
ဂဏန်းနီလာရင် ရေ ၁ ပိုင့် ၊ မကျည်းရေ နည်းနည်း ၊ ပဲငံပြာရည်အကြည် တစ်ဇွန်း ထဲ့၊ ကွမ်းရွက် ညှပ်ထဲ့ ပြီး ပွက်ပါစေ။
ဆီပြန်ရေကျန်ကျက် ပြီဆိုရင် မဆလာလေးအုပ် နံနံပင်လေးအုပ်ပြီး အသဲစွဲ ဂဏန်းဟင်းတခွက်ရပါပြီ။
( မြန်မာနိုင်ငံအတွင်း အရသာရှိသော စားသောက်ဖွယ်ရာများ ) ဆိုတဲ့ FB page ကနေ မလာတာပါ။

ဂဏန်းမဆလာဟင်းလျာ ချက်နည်း

Image may contain: food

အက်ဒမင်လဲ ချက်တက်လို့တော့ မဟုတ်ပါဘူးခင်ဗျာ အားတဲ့ အချိန်ချက်စားရအောင် ဟင်းလေးတွေ စုထားတာ တစ်ချိန် စားသောက်ဆိုင်ဖွင့်ရင် အသုံးတည့်မလားလို့ပါ။ ကဲ ချက်စားချင်တဲ့ သူတွေ သိမ်းထားလိုက်နော် ။

ဂဏန်းမဆလာဟင်းလျာ ချက်နည်း
( ချက်စားချင်တယ် ဆို Share ထားလိုက်နော် )
....................................
#ဟင်းအနှစ်ချက်ရန်
.............................
၁.ဆီ
၂.ဆနွင်းမှုန့်
၃..ကြက်သွန်ဖြူ(၆တက်)
၎.ကြက်သွန်နီ(၃လုံး)
၅.ဂျင်း(အနည်းငယ်)
၆.ငရုပ်နှစ်( ၁tbsp)
၇.ခရမ်းချဉ်သီး (၁လုံး)(အတုံးသေး တုံးထား)
၈.ဂဏန်းသား
၉.မဆလာ
၁၀.ငရုပ်သီးစိမ်း (၃တောင့်)
၁၁.အရသာများ
၁၂.နံနံပင်(နုပ်နုပ်စင်း)

#အသားအရသာနယ်ရန်.
..................................
၁.ဂဏန်းအကောင်လိုက်(သို့) ဂဏန်းလက်မ
၂.မဆလာ
၃.အသားမှုန့်
၎.ငရုပ်ကောင်း
၅.ငံပြာရည်
၆.ဆနွင်းမှုန့်
၇.ဂျင်း(အရည် နှင့် အဖတ်)
နောက်ဆုံးဟင်းခတ်ရန်
..................................
၁.မဆလာ
၂.နံနံပင်(နုပ်နုပ်စင်း)
၃.ရှမ်းနံနံ(နုပ်နုပ်စင်း)
၎.ငရုပ်ကောင်းမှုန့်
ချက်နည်း.
...............လွယ်ပါတယ်ဗျာ..ကျွန်တော်ရေးထာနာတွေကို ခေါင်းစဉ်တစ်ခုခြင်းစီရဲ့ နံပါတ်အစဉ်လိုက်သာထည့်ပြီး ဆီသတ်ပြီး ချက်သွားရင်ရပါပြီဗျာ..ဂဏန်းကို အရသာနယ်...ပြီးရင်အနှစ်ချက်..အနှစ်ရရင် ဂဏန်းထည့်ပြီးနှပ်....ရေကိုတော့ လိုသလိုချိန်ပြီးထည့်ပေးပေါ့နော့်
ဂဏန်းကို စားရလွယ်အောင် နဲနဲ ထုခွဲထားပြီးချက်ရင်လဲရပါတယ်..ဒါပေမယ့် အတွင်းထဲကအသားမှာရှိတဲ့ အရည်လေးတွေတော့ နဲနဲ ခြောက်သွာမှာပေါ့..မထုခွဲပဲချက်ရင်တော့ ကိုက်လိုက်ရင် အနံ့လေးကမွှေး အရည်ရွှမ်းရွှမ်းနဲ့ဆို အရသာကွက်တိပဲပေါ့ဗျာ
ဟင်းပုံစံကတော့ ဆီလေးပြန်မယ် အနှစ်လေးလဲရီိမယ်..မဆလာအနံ့မွှေး အစပ်အရသာလေးနဲ့..ရှယ်ပဲဗျာ....😊😊😊
#Eant Wint Htut မှ မျဝေထားပါသည် ။