Wednesday, January 11, 2017

ဝက်အသားပြားလုပ်နည်း

 Chawsu ရဲ့လက်ရာလေးပါ
ဝက်ပေါင်ခြောက်
(ကျွန်မရဲ့ ဒုတိယစာအုပ် (အစိမ်းရောင်) စာမျက်နှာ 143-144 မှာ ပါပြီးသားလေးပါ။)
ဝက်သားမစားသူများ အမဲသားကိုအသုံးပြုနိုင်ပါတယ်။




**... ဝက်ပေါင်ခြောက် လုပ်ဖို့ လိုအပ်တာလေးတွေ….
1. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
2. ပဲငံပြာရည် အကျဲ (light soya sauce) – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
3. ပဲငံပြာရည် အပျစ် (dark soya sauce) – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
4. Chinese Cooking Wine – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
5. brown sugar – ထမင်းစားဇွန်း ၈ ဇွန်း
6. cayenne pepper – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မရှိလျှင် စပ်သော ငရုတ်သီးမှုန့် (ပေါင်ဒါမှုန့်လိုဖြစ်နေသောအမှုန့်))
7. garlic powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. pork minced – 500 g
pork minced မှ လွဲပြီး ကျန်ပါဝင်ပစ္စည်းများကို ဇလုံထဲထည့်ပြီးဖျော်ပေးပါ။
ပြီးလျှင် pork minced ကို ထည့်ပြီး တူကိုသုံး၍ clockwise အတိုင်း တစ်တက်တည်းကို ဦးတည်ပြီး ၃ မိနစ်ခန့် (သို့) ငါးဖယ်ဆုပ် ကဲ့သို့ စေးလာအောင် မွှေပေးပါ။
ငါးဖယ်ဆုပ်လို စေးသွားလျှင် cooking paper ပေါ်တင်ကာ ဖြန့်ပေး ထားပါ။
ဖြန့်ပြီးသွားလျှင် glad wrap ဖြင့်ဖုံးကာ rolling pin ကို သုံးပြီး (16 “x 11″) ခန့် အပြားရအောင် ခပ်ဖွဖွလှိမ့်ပေးပါ။

16 “x 11″ ခန့် အပြားရလျှင် glad wrap ကို ခွါထုတ်ပစ်ပြီး wire rack (cooling rack) တင်ထားသော tray ပေါ် တင်ပေးပါ။
180ံC ဖြင့် ၁၀ မိနစ်ခန့် ကြိုပြီး အပူပေးထားသည့် oven ၅ ဆင့်မြှောက်ထဲ (အပေါ်မီးနှင့် ဝေးအောင်) ထည့်ပြီး ၂၀ မိနစ်ခန့် ဖုတ်ပေးပါ။
၂၀ မိနစ်ခန့်ဖုတ်ပြီးလျှင် ထွက်လာသော အရည်များကြောင့် cooking paper ကိုအသစ်လဲကာ နောက်တစ်ဖက်လှန်ပြီး ၁၅ မိနစ်ခန့် ဖုတ်ပေးပါ။
နှစ်ဖက်စလုံး ဖုတ်ပြီးလျှင် ပျားရည် (ထမင်းစားဇွန်း ၁ ဇွန်းခွဲ) နှင့် ရေနွေး (ထမင်းစားဇွန်း တစ်ဝက်) ရောဖျော်ထားသော အရည် တစ်ဝက်ကို အသားပြားတစ်ဖက်ကို နှံ့အောင်သုတ်ကာ ၅ မိနစ်ဖုတ်ပေးပါ။
နောက်တစ်ဖက်ကို ကျန်ပျားရည် တစ်ဝက်သုတ်ကာ ၅ မိနစ်ခန့် ထပ်ဖုတ်ပြီးလျှင် wire rack (cooling rack) ပေါ် တင်ပြီး အအေးခံထားပါ။
အေးသွားပြီးနောက် ကပ်ကြေးလေးဖြင့် ညှပ်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
credit : https://www.facebook.com/ChawSusFoodFriends/posts/292403774271098

Char Siu sauce(ဝက်သားကင်နည်း)

Chief Myint khine ရဲ့ နည်းစနစ်လေးပါ
Chinese B.B.Q Pork roasted with Char Siu sauce(ဝက်သားကင်နည်း)

ပါဝင်ပစ္စည်းများ
********************------
ဝက်သား 300g
ဂျင်း 1တတ် နုတ်နုတ်ဆင်း
ကြက်သွန်ဖြူ 2တတ် နုတ်နုတ်ဆင်း
char siu sauce 1/2tbs
ပျားရည် 2tbs
oyster sauce 1tbs
light soy sauce 2tbs
တရုပ်မဆလာ အနည်းငယ်
နှမ်းဆီမွှေး အနည်းငယ်
အနီရောင်ဟင်းချက်ဝိုင် အနည်းငယ်

credit : https://www.facebook.com/pin.ky.948?fref=nf
ပြုလုပ်နည်း
--------------------------------------
အသားများကိုရေဆေးပြီးအဝတ်ဖြင့်ပြောင်အောင်
ပြန်သုပ်ပေးပါ။အရသာများထည့်နယ်ပေးပါ။ပြီးပါ
ကအသားအား၁နာရီမျှနှပ်ထားပေးရန်လိုအပ်ပါသည်။
အားလုံးအဆင်သင့်ဖြစ်ရင်တော့စတင်၍ကင်ပါ။
ဆီလုံးဝလုံးဝမသုပ်လိမ်းရပါ။ချခါနီးကျက်ပြီဆိုပါက
ဆီအနည်းငယ်သုပ်၍အကင်ဖိုမှချကာသုံးဆောင်
နိုင်ပါသည်။

ငါး ဆားအုံကင်

Chaw Su's Food Friends ရဲ့ လက်ရာလေးပါခင်ဗျာ
"Fish Baked in Salt Crust"
ဆား (သို့) ရွှံ့မံပြီး ဖုတ်တဲ့ငါးဟာ အရည်တွေမခြောက်ပဲ၊ အငွေ့မပြန်ပဲ ဆားအပူရှိန် နဲ့ ကျက်သွားတာကြောင့် juicy ဖြစ်ပြီး ပိုချိုစေပါတယ်။
လိုအပ်တာထက်ပိုပြီး အချိန်ကြာကြာကင်ပါက အသားအကျက်လွန်ပြီး အရသာပျက်စေပါတယ်။
ဆားကို ရေအစား ကြက်ဥအကာနဲ့ နယ်ပြီးလည်း ကင်နိုင်ပါတယ်
အချို့ကတော့ ပါးဟက် နှင့် ကလီစာများထုတ်ထားသောငါးကို ဆားမငံစေရန် အကြေးခွံ နဲ့ ကင်ပါတယ်။
တကယ်ကတော့ အကြေးခွံခွါပြီး ကင်လည်း ဆားမငံပါဘူး။ ငါးကို ဗိုက်ခွဲရုံခွဲပြီး ဓါးဖြင့် မမွှန်းထားတဲ့အပြင် ဆားမံပြီးတာနဲ့ ချက်ချင်းကင်တာကြောင့် မငံခြင်းဖြစ်ပါတယ်။
ဘယ်နည်းနဲ့ကင်ကင် ကင်ပြီးနောက် ဆားနဲ့ ငါးအရေခွံအောက်က အသားမထိအောင် စိတ်ရှည်ရှည် ခွါထုတ် ဖယ်ထုတ်နိုင်ရင် မငံပါဘူးရှင်။










***... Fish Baked in Salt Crust အတွက် လိုအပ်တာလေးတွေ …
1. အရမ်းမနုသော အပွင့်ကြီးသည့် ဆား – 6 cups (1500 ml)ခန့်
2. ရေ – 1/2 cup (125 ml)ခန့် (အစိုပြန်နေသောဆားကိုသုံးလျှင် ရေထည့်ရန်မလိုပါ)
3. ပူစီနံ (mint) – 1 cup ခန့် (တစ်ဝက်ကို လက်ဆစ်တစ်ဝက်ခန့် အရှည် လှီးထားပါ။)
4. ပါးဟက် နှင့် ကလီစာများထုတ်ကာ ရေခြောက်အောင် paper towel ဖြင့် သုတ်ထားသော နှစ်သက်ရာငါး – ၁ ကောင် (600 g)
5. ၂ လက်မခန့် အရှည်ဖြတ်ပြီး ထုထားသော စပါးလင် – ၂ ပင်
6. ပါးပါးလှီးထားသော သံပုရိုသီး – တစ်ခြမ်း
ဆား ထဲ ရေ နှင့် လှီးထားသော ပူစီနံထည့်ကာ ရောနှောပေးပါ။
(ရေကိုတစ်ခါတည်း လောင်းမထည့်ပဲ ချင့်ချိန်ကာ နည်းနည်းခြင်းလောင်းထည့်ပါ။ စိုရွှဲသွားစေရန်မဟုတ်ပဲ ဆုပ်ကိုင်လိုက်ပါက အနည်းငယ်ခပ်သိပ်သိပ်ဖြစ်သွားစေရုံပါ။ )
ဖုတ်မည့်ဗန်းတွင် ငါးတင်လို့ရမည့် အကျယ်အဝန်း မှန်းဆကာ ဆား (၃ ပုံ ၁ ပုံခန့်)ကို ခပ်ထူထူ ခင်းပေးပါ။
ဗိုက် နှင့် ခေါင်းထဲ ကျန်သည့် ပူစီနံ၊ စပါးလင် နှင့် သံပုရိုသီး ထည့်ထားသော ငါးကိုတင်ပါ။
ကျန်သည့်ဆားများဖြင့် နေရာလွတ်မကျန်အောင် ခပ်ဖွဖွဖိဖုံးပေးပြီး …
200ံ C ဖြင့် ကြိုတင်အပူပေးထားသည့် oven ၅ ဆင့်မြောက်တွင်ထားပြီး ၂၅ မိနစ်ခန့် ဖုတ်ပေးပါ။ (0ven အမျိုးအစားမတူတာကြောင့် အချိန်အနည်းငယ် အတိုးအလျှော့ရှိနိုင်ပါတယ်။)
oven မှထုတ်ကာ ၅ မိနစ်ခန့် အအေးခံပြီးနောက် ဓါးနောက် (သို့) မိမိအဆင်ပြေရာတစ်ခုခုဖြင့် ခပ်ဖြည်းဖြည်းရိုက်ထု ခွဲကာ ဆားများဖယ်ထုတ်ပေးပါ။
ငါးအကောင်မပျက်၊ အရေခွံမကွာထွက်ပဲ လှလှပပရစေရန် နည်းနည်းစိတ်ရှည်ပေးဖို့လိုပါတယ်ရှင်…😀
အရေခွံခွါထုတ်ပြီးနောက် သံပုရာရည်လေး အနည်းငယ်ညစ်ကာ သုံးဆောင်နိုင်သလို…
အထက်ပါအတိုင်း မုန့်ဖတ် နှင့် နှစ်သက်ရာ အရွက်များထည့်ကာ rice paper ဖြင့် လိပ်ကာ ချိုချဉ်စပ်sauce လေးဖြင့် တို့၍လည်း သုံးဆောင်နိုင်ပါတယ်။
*** ... ချိုချဉ်စပ် Sauce လုပ်ဖို့ လိုအပ်တာလေးတွေ…
1. ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
2. ငရုတ်သီးစိမ်း – ၁၀ တောင့်
3. သကြား – ထမင်းစားဇွန်း ၃ ဇွန်းခွဲ
4. ရေနွေးပူပူ – ထမင်းစားဇွန်း ၅ ဇွန်း
5. ငါးငံပြာရည် – ထမင်းစားဇွန်း ၆ ဇွန်း
6. သံပုရာရည် – ထမင်းစားဇွန်း ၅ ဇွန်း
ရေနွေးပူပူထဲ သကြားထည့်ကာ ပျော်အောင်ဖျော်ထားပါ။
ရောထောင်းထားသော ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းတို့ကို ထိုအရည်နွေးနွေးထဲ ထည့်ဖျော်ပါ။ (ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကို အရည်နွေးနေတုန်းထည့်ရင် ပိုမွှေးသွားစေပါတယ်။)
အေးသွားပြီးနောက် ငါးငံပြာရည် နဲ့ သံပုရာရည်ထည့်ဖျော်လိုက်လျှင် လိုအပ်သော ချိုချဉ်စပ် Sauce ကိုရပါပြီ။
credit: https://www.facebook.com/ChawSusFoodFriends/photos/a.661625994015539.1073741957.115026242008853/661626027348869/?type=3

အမဲသား BBQ

 ship restaurant ရဲ့ လက်ရာလေးပါ 
အမဲသား BBQ sauce ငရုပ်ကောင်မှုန့် အရက် အဖုံး ၃ ခွက်

ဖြူဂျင်းကြိတ်ပြီးသား ထည့် အားလုံးရောနည် နှပ်ထားပါ ၃ နာရီ
အချိန်ကြာကြာနှပ် လေပိုကောင်းလေ




https://www.facebook.com/Ship-restaurant-555103547883655/

ဝက်သား BBQ

Ship Restaurant ရဲ့ Page လေးပါ  ... 
ဝက်သုံးထပ်သား နှင့် ဝက်ဂုတ်သား ပျားရည် 150 gm နို့စိမ်း 1 ဘူး
အရက် အဖုံးဖြင့် ၄ ခွက် ငရုပ်ကောင် 1 teaspoon ဆား ဖြူဂျင်းကြိတ်

အားလုံးကိုရောနည်ပြီး ရေခဲသတ္တာထဲထည့် ၃ နာရီ နှပ်ထားပါ
အချိန်ကြာကြာထာလေပိုကောင်းလေပါ

credit: https://www.facebook.com/Ship-restaurant-555103547883655/

ကြက်သား BBQ ကင်နည်း

shift restaurant ရဲ့ လက်ရာလေးပါ ။


ကြက်သား ဒိန်ချဉ် ၁ ဘူး ဆား သကြား ငရုပ်ကောင်ကောင်မှုန့် မဆလာ ဆနွင်း ဖြူဂျင်းကြိတ်ထား ၂ ဇွန်း


Friday, January 6, 2017

ပီကင်းဘဲကင်

မအိသက်ရဲ့ ဖေ့ဘုတ်က လက်ရာလေးပါ ။

ဘဲကင်ကိုသားသားရော အိသက်ရောအရမ်းကြိုက်ပါတယ်။ ခဏခဏ ဝယ်စားဖြစ်ပါတယ်။ လုပ်စားကြည့်ချင်လို့ သူငယ်ချင်းတရုတ်မလေးကိုမေးကြည့်ပါတယ်။ သူ့မိဘတွေက ဒီမှာတရုတ်စားသောက်ဆိုင်ဖွင့်ထားပါတယ်။ သူ့ဆီကနည်းမေးတုန်းက ရယ်စရာပြောပြချင်ပါတယ်။ Ingredients  တွေထဲမှာ သူက အာဂျိနိုမိုတို တဲ့ အချိုမှုန့်ကိုပြောတာပါ။ ဒါနဲ့ အိသက်က monosodium glutamate ဆိုတော့ ဆရာမက ဟုတ်ဘူးတဲ့ အာဂျိနိုမိုတိုပဲတဲ့ သူ့အမေတွေက monosodium glutamateကိုမသုံးဘူးတဲ့။ အတူတူကို ဇွတ်ညင်းနေလို့ သူ့ဆီကနည်းယူရမှာ ဆိုတော့ အေး အာဂျီနိုမိုတို ဆိုလဲ တို ပေါ့ လုပ်လိုက်ရပါတယ်။ အိသက်က သကြားသုံးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
-ဘဲအသားဆူဆူတကောင်
-five spice powder ၁ဇွန်း(စားပွဲတင်)
-သကြား၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ပျားရည်၂ဇွန်း(စားပွဲတင်)
-ရှယ်ရီဝိုင်၂ဇွန်း(ဟင်းချက်ဇွန်း)
-ကက်စီးနဲ (စားပွဲတင်၂ဇွန်းစာ)Maltose

-ဗီနီဂါ၁ဇွန်း (စားပွဲတင်)

ဘဲကိုရေစင်စင် ဆေးပြီးအတွင်းရောအပြင်ရော five spice powder ၊ သကြား၊ ကြက်သားမှုန့်တို့နဲ့ဆုပ်နယ်ထားပြီး မိနစ်၃၀ခန့်ထားလိုက်ပါ။

ဘဲဖင်ကိုသံချောင်းလေးများဖြင့်ပိတ်လိုက်ပါတယ်။ ပြီးမှဘဲကိုယ်ထယ် အထက်ပိုင်းကနေ သံချိတ်လေးများနဲ့ချိတ်ထားပါတယ်။အဲဒါမှတွဲလောင်းချပြီးကင်နိုင်အောင်ပါ။

ရေ၂လီတာကို ပွက်ပွက်ဆူအောင် တည်ပြီး ပျားရည်ထဲ့ပါ။
 
ရေဆူအိုးထဲကို ၅မိနစ်ဘဲကိုထဲ့ပြီး ရေပူလေးများလောင်းပေးလိုက်ပါ။
ဘဲအသားနဲ့အရေပြားကို ခွါခြင်းဖြစ်ပါတယ်
ပြီးရင် အဝတ်နဲ့ခြောက်အောင် သုတ်လိုက်ပါ။

အိုးအသေးတအိုးထဲကို ကြက်သားမှုန့်၊ ရှယ်ရီဝိုင်၊ ကတ်စီးနဲ၊ ဗီနီဂါ တို့ကို မီးမျှင်းမျှင်းနဲ့ ၁မိနစ်ခန့်တည်ပြီးအပျစ်အနေမှာရပ်ထားလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ထားသောဘဲကို တည်ထားသောအရည်များလိုက်သုတ်လိုက်ပါ။
  
၆နာရီခန့်လေသလပ်ခံချိတ်ထားပါ။

ပန်ကာဖွင့်ပေးထားနိုင်ရင်ပိုကောင်းပါတယ်။ ၆နာရီကြာလို့ ဘဲအရေပြားတင်းနေပြီဆိုရင် ကင်လို့ရပါပြီ။

Oven ထဲမှာခုလိုချိတ်ပြီး အောက်က ဗန်းတခုထဲ ရေနဲနဲခံကာ ၁၅၀ဒီဂရီ နဲ့ အပေါ်မီးအောက်မီး နဲ့ ကင်ပေးပါ။ ၂နာရီအကြာမှာ ဘဲအရေပြားများနီရဲပြီး ကျွတ်လာရင် ရပါပြီ။ ဘဲကင်လို့ ရေခံဗန်းထဲကျလာတဲ့အဆီတွေကို သိမ်းထားပါ။
  
ဘဲကိုအလယ်ကစ ခြမ်းပြီး အတုံးလေးများတုံးထားပါ။
 
ရေမုန်ညင်း ကို ဆားထဲ့ပြုတ်ပါ။ ဆားထဲ့တာစိမ်းစိမ်းလေးကျန်အောင်လို့နော်။

Sauceလုပ်နည်း
-Hoisin sauce ၅ဇွန်း
-ကြက်သားမှုန့်၁ဇွန်း
-ရေခံဗန်းထဲကအရည်များ
အဲဒါတွေအားလုံးကို ထဲ့ကျိုပြီးရင် ရပါပြီ။

တရုတ်ဆိုင်ကငရုတ်သီးကြော်
အိသက်အမျိုးသားအရမ်းကြိုက်လို့ကြော်ပေးရတဲ့ ငရုတ်သီးကြော်ပါ။
ငရုတ်သီးအမှုန့်ကိုဆီပူမှာကြော်ကာ ကြက်သားမှုန့်ရယ် ၊ soy sauce ထဲ့ ပြီးကြော်လိုက်ရင် ရပါပြီ။

ထမင်းပူပူပေါ်ဘဲကင်တင် ရေမုန်ညင်းထဲ့ Sauceရည်လောင်းကာ ငရုတ်သီးကြော်ဖြင့်တွဲကာအရသာရှိရှိစားနိုင်ပါပြီ

https://htetfamily.com/2012/04/25/%E1%80%95%E1%80%AE%E1%80%80%E1%80%84%E1%80%B9%E1%80%B8%E1%80%98%E1%80%B2%E1%80%80%E1%80%84%E1%80%B9/

အခေါက်ကင်

ဒါကတော့ မမီး memetofu ရဲ့ နည်းလေး ဖြစ်ပါတယ်။ 

မကြာ..မကြာ ပြန်ပြန်တင်ပေမဲ့..မေးနေသူတွေက မေးနေကြဆဲမို့ ၀က်ခေါက် ကြွတ်ကြွတ်ရွရွလေးရအောင် ကင်နည်း ပြန်တင်ပေးလိုက်ပါတယ်.. အိုးလိုချင်သူများ ThiThi DoneDone online store မှာ ဈေးသက်သက်သာသာ နဲ့ ပစ္စည်းမှန် ၀ယ်လို့ ရတယ်လို့ သိရပါတယ်.. ကြော်ငြာတာမဟုတ်ပါ၊ အိုးဘယ်မှာ ၀ယ်ရလည်းလို့ မေးသူများရှိလာလို့.. သိသလောက် ပြောပြတာပါ..။ ဟင်းချက်နည်းများကို ဟင်းချက်ဝါသနာရှင် မည်သူမဆို Share button ကိုနှိပ်ပီး လွတ်လပ်စွာ share နိုင်ပါသည်၊ ခွင့်တောင်းရန်မလိုပါ။ ဓာတ်ပုံနှင့် ချက်နည်းများကို copy and paste လုပ်ပီး ကူးယူသွားကာ၊ မိမိ page အမည်တပ်ပီး အသုံးချခြင်း များကို လုံးဝ...လုံးဝ..လုံးဝ ခွင့်မပြုပါ။ မိမိ Page အမည်ဖြင့် ဟင်းချက်နည်းများ တင်လိုပါက..မိမိဘာသာချက်ပီးတင်ကြပါ။ သူတပါး အပင်ပန်းခံ၊ အချိန်ကုန်ခံပီး ကြိုးပမ်းထားတာတွေကို ခေါင်းပုံဖြတ် အမြတ်မထုတ်ကြပါနှင့်..။

https://www.facebook.com/search/top/?q=%E1%80%9D%E1%80%80%E1%80%B9%E1%80%B1%E1%80%81%E1%80%AB%E1%80%80%E1%80%B9%E1%80%80%E1%80%84%E1%80%B9