Friday, January 6, 2017

Crispy Aromatic Duck

မအိသက်ရဲ့ ဖေ့ဘုတ်က လက်ရာလေးပါ ။

ဒီရက်ပိုင်းဘာမှကိုမတင်နိုင်ဘူးဖြစ်နေတယ်။ မအားလို့ပါ။Blog  လေးကိုပစ်ထားတာလဲတော်တော်ကိုကြာပါပြီ။ ဒီနေ့တော့အိမ်မှာ ထမင်းမချက်ပဲ Crispy Aromatic  Duck လုပ်စားဖြစ်ပါတယ်။ အိသက် blog မှာ ပီကင်းဘဲကင် နည်းလဲတင်ပြီးသွားပါပြီ။ အဲဒီပီကင်းဘဲကင်နည်းလေးကတော့ ဒီတိုင်းထမင်းနဲ့ စားတဲ့ ဘဲကင်နည်းလေး ပေါ့နော်။ ခုလုပ်တာကတော့ပိုလွယ်ပြီး rice paper ( chinese pan cake ) နဲ့စားတဲ့နည်းလေးပါ။ တခါတလေတော့ ထမင်းလွတ်စားလို့အလွန်ကောင်းပါတယ်။ ကြည့်ရအောင်နော် လုပ်နည်းလေးကို

ပါဝင်ပစ္စည်းများ
-ဘဲအသားဆူဆူတကောင်
-five spice powder ၁ဇွန်း(စားပွဲတင်)
-သကြား၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ဆား၁ဇွန်း(စားပွဲတင်)
-ပျားရည် ၃ဇွန်း(စားပွဲတင်)
ရေ၂လီတာခန့်ဆူအောင်တည်ပါ။ ပျားရည် ထဲ့ပါ။ five spice powder ထဲ့ပါ။ ပွက်ပွက်ဆူလာရင် ရေဆူထဲကို ဘဲကိုထဲ့ပြီး ရေပူကို ယောက်ချိုဇွန်းဖြင့် လောင်းပေးပါ။

၇မိနစ်ခန့်ကြာရင် ဆယ်ပြီး ခြောက်အောင် အဝတ်စဖြင့် ဖြစ်စေ ဖြင့်ဖြစ်စေသုတ်ပေးပါ။ ဆားလိုက် ပွတ်ပေးပြီး ၄နာရီ ဒီတိုင်းအခြောက်ခံထားပါ။

ပြီးမှ oven ထဲတွင် သံစင်ပါသော tray ပေါ်တွင်၂၀၀ ဒီဂရီဖြင့် အပေါ်မီး အောက်မီးဖြင့် ကင်ပါ။ မိနစ်၃ကြာစီ တဖက်စီကင်ပေးပါ။ ဘဲသားများနီရဲပြီးကျွတ်လာရင် အဆင်သင့်ရပါပြီ။
 

သခွါးသီးများအချောင်းလေးများလှီးထားပါ။

ဘဲကင်အဆင်သင့်ဖြစ်ရင် rice paper (chinese pan cake )၇မိနစ်ခန့်ပေါင်းပေးပါ။

ဘဲသားကို ဇွန်းခရင်း၂ချောင်းဖြင့် အသားမွှပေးပါ။ ပြီးမှ ပေါ်တွင် ကိုသုတ်လိမ်းပေးပြီး သခွါးသီးအချောင်းလေးများတင် အသားများတင်ကာ လိပ်ပြီးစားလို့ရပါပြီ။


credit https://htetfamily.com/2012/11/21/crispy-aromatic-duck/

Tuesday, January 3, 2017

အညာမြီးရှည်

Credit *** ဟင်းကောင်းလက်ရာ
အညာမြီးရှေ အညာအထာ အညာအစာလေးတွေ နှစ်သက်သူတွေ အတွက်
အလုပ်နားရက်၊ကျောင်းပိတ်ရက်တွေမှာ မိသားစုပျော်ပျော်ပါးပါး အညာမြီးရှေလေးလုပ်စားကြရအောင်နော်။
Image may contain: 1 person, food ပါဝင်ပစ္စည်း
နန်းကြီး(ရန်ကုန်) ၁ပိဿာ
ဝက်သား ၄၀သား (ကြက်သား-၅၀သား)
ရှမ်းချဉ် ၂၀သား
ကြံမဆိုင် ၅ကျပ်သား
ပဲပင်ပေါက် ၃၀သား
ကြက်သွန်မြိတ် ၂ပင်
ကြက်သွန်ဖြူ ၁လုံး
ဗီနီဂါ စားပွဲဇွန်း၂ ၁/၂ဇွန်း
ပဲငပိအငံ(တရုတ်) ၂ကျပ်ခွဲသား
ပဲငံပြာရည်အကျဲ စားပွဲဇွန်း၇ဇွန်း
ကော်မှုန့် ဆန်ခြင်ခွက်၃/၄ခွက်
ငရုတ်သီးအစိမ်းမှုန့် စားပွဲဇွန်း၂ဇွန်း
ဆီ ၁၅ကျပ်သားခန့်
ဆား
အသားမှုန့်
ပြုလုပ်နည်း

၁။ အသားကိုဆား၊အသားမှုန့်၊ပဲငံပြာရည်အကျဲစားပွဲဇွန်း၁ဇွန်းနဲ့နယ်ကာကြက်သွန်ဖြူ၃မွှာဓားပြားရိုက်ပြီးပြုတ်မည့်အိုးထဲမှာ မီးနဲနဲနဲ့၂မိနစ်ခန့်လုံးချက်ပါ။
ရေကိုအသားနူးရုံအပြင် လက်ဖက်ရည်ပန်းကန်လုံး၂ခွက်စာကျန်အောင်အသားပြုတ်ရည်ချန်ပေးပါ။ဟင်းရည်သောက်လိုလျှင်မိမိလိုသလောက်
ရေထပ်ပြီးထည့်နိုင်ပါတယ်။
၂။ ရှမ်းချဉ်ကိုလက်၁ဆစ်အရွယ်လေးတွေလှီးပါ။ကြံမဆိုင်ကိုရေစင်စင်ဆေးပြီး ရေညှစ်ကာနုပ်နုပ်လေးတွေလှီးထားပါ။ကျန်နေတဲ့ကြက်သွန်ဖြူတွေကို
ညက်အောင်လုပ်ပြီးပန်းကန်လုံးတစ်ခုထဲမှာဗီနီဂါနဲ့အချဉ်ဖျော်ထားလိုက်ပါ။
၃။ ကော်မှုန့်ကိုရေဆန်ခြင်ခွက်၅ခွက်နဲ့ဖျော်ပြီး မီးနဲနဲနဲ့အကြည်ရောင်ရလာတဲ့အထိမွှေချက်ပေးပါ။ပဲငပိကိုပန်းကန်လုံးတစ်ခုထဲမှာ ပဲငံပြာရည်အကျဲနဲ့ရော
မွှေထားပေးပါ။
၎။ ငရုတ်သီးအစိမ်းမှုန့်ကိုဆီသတ်ပါ။ပဲပင်ပေါက်ကိုရေစင်စင်ဆေးပြီး ရေနွေးဖျောကာရေအေးနဲ့ပြန်စိမ်ပြီးရေစစ်ထားပါ။ကြက်သွန်မြိတ်ကိုပါးပါးလှီးထားပါ။
၅။ အသားနူးပြီဆိုရင် မိမိနှစ်သက်တဲ့အရွယ်လေးတွေလှီးထားလိုက်ပါ။ ဒါဆိုမြီးရှေသုပ်ဖို့အစာပလာတွေကိုပြင်ဆင်ပြီးသွားပြီမို့ မုန့်ဖတ်ကိုရေနွေးနဲ့ဖျော
ပြီးရေစစ်ပါ။
၆။ ပန်းကန်ထဲကိုမိမိစားမဲ့လောက်မုန့်ဖတ်ထည့်ပြီး ပြင်ဆင်ထားတဲ့အစာပလာလေးတွေကိုရောပြီးနယ်ကာစားသုံးနိုင်ပါပြီ။အီကြာကွေးပါးပါးညှပ်ထားတာ၊
ဝက်စဥကြော်တို့ကိုပါထည့်ပြီးလည်းစားလို့ရပါတယ်ရှင့်။အပေါ့အငံကိုမိမိနှစ်သက်သလို လိုတိုး ပိုလျော့ပြုလုပ်ပေးပါ။
ပိတ်ရက်မှာမိသားစု၊သူငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင်နဲ့ အညာမြီးရှေလေးကိုလုပ်စားကြည့်ကြပါနော်။
ကျွန်မရဲ့ ဟင်းကောင်းလက်ရာ page လေးကိုလာလည်ပြီး likeလေးပေးဖို့ဖိတ်ခေါ်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။

ပဲကြီးဟင်း

အညာအစာ အညာအထာလေး ပါ  ကြိုက်နှစ်သက်မိသော အစားအစာများ Page က ကူးလာတာပါ ။ 
ပဲကြီးဟင်း
ပါဝင်ပစ္စည်းများ
၁။ပဲကြီးအခွံထွတ်ပြီးသား အစိမ်း ၂၅ ကျပ်သား
၂။ဆူးပုတ်ရွက် (၁၀၀)ဖိုး
၃။ဆား
၎။အချိုမှုန့် 
၅။ကြက်သွန်နီ (၁)လုံး
၆။ဆီ အနည်းငယ်
၇။နနွင်း
၈။ရေ
ချက်နည်း
၁။ဦးစွာ ပဲကြီးကို ရေဆေးပါ။ပြီလျင် ပဲကြီး ရေမြုပ်အောင်ထည့် ဆားထည့်ပြီး နူးအောင်ပြုတ်ပါ။
No automatic alt text available. ၂။ပဲကြီးပြုတ်ထားစဉ် ကြက်သွန်နီ ကို အခွံခွာ ရေဆေး ပါးပါးလှီးထားပါ။ပြီးလျင် ဆီအိုးတည် လှီးထားသော ကြက်သွန်နီထည့် နနွင်းထည့်ပြီး ကြက်သွန်နီ ဆီချက်ချက်ထားပါ။
၃။ဆူးပုတ်ရွက်ကို ရေဆေးပြီး သင်ထားပါ။
၎။ပဲနူးလာလျင် ကြက်သွန်နီဆီချက်ထည့် ဆူးပုတ်ရွက်ခပ် အချိုမှုန့် ထည့် အရသာ အပေါ့အငံမြည်း ပွက်ပွက်ဆူအောင်တည်ပြီး မီးဖိုပေါ်မှချနိုင်ပါပြီ။
ဒါဆိုရင်တော့ ပဲကြီးဆူးပုတ်ရွက်ဟင်းလေးရပြီပေါ့နော်...^_^
သတ်သတ်လွတ် စားသုံးသူများအတွက်လဲ အဆင်ပြေမယ့် ဟင်းတစ်ခွက်ပါ
သူငယ်ချင်းများအဆင်ပြေပါစေနာ်
သူငယ်ချင်းများအား အစဉ်လေးစားသော
EMK
ရေကိုတော့ ပဲဟင်းရည် ပျစ်ပျစ်ကြိုက်လျင် နည်းနည်းထည့်ချက်ပြီး ကျဲကျဲကြိုက်လျင် များများထည့်ချက်ပေးပါ...:)

မန်ကျီးရွက်သုပ်

နေ့စဉ်သတင်းနှင့် သုတအဖြာဖြာ Page လေးက ပါ ။ အညာအထာ အညာအစာလေးတွေ ကြိုက်တယ်ဆိုရင်ဖြင့် 
 
မန်ကျီးရွက်နုနု သင်ပြီးသာဒ- 150 g
ကြက်သွန်နီ - တစ်လုံး ကို ပါးပါးလှီးပြီးရေဆေးထားပါ။
စာတော်ပဲပြုတ် - 100 g (သို.)
မြေပဲလှော်ထောင်း ထမင်းစာဇွန်း 3 ဇွန်း၊
ဆား၊ အရသာမှုန်.၊ အနဲငယ်စီ
မြေပဲဆီ - အနဲငယ်.

မန်ကျီးရွက်ကို ရေစင်စင်ဆေးပြီး
ပါးပါးလှီးထားသောကြက်သွန်နီ၊ ပဲပြုတ်၊
ဆား၊ အရသာမှုန်.ထည်.ကာ
သမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊

ဝက်ပုန်းရည်ကြီးဟင်း

 ဒါကတော့ သီရီရတနာ Blog လေးက ပိုစ့်လေး ... အညာအထာ အညာစာလေးတွေ ကြိုက်တယ်ဆိုရင် ကိုယ်တိုင် မြည်းစမ်းကြည့်သင့်တဲ့ နည်းလေးပါ
............
ဝက်သား သုံးထပ်သား နဲ့ ချက်ထားတဲ့ ၀က်ပုန်းရည်ကြီးဟင်း။

ဝက်သားကို ဆား၊ ပဲငံပြာရည် အကြည်၊ သကြားနည်းနည်း နဲ့ နယ်ပီး ၊

ဟင်းအနှစ်တွေအတွက်ကတော့ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီး အစိမ်းမှုန့်ကို ဆီသတ်။

ထောင်းထားတဲ့ အဆာတွေ ရွှေရောင်သန်းလာရင် ၀က်သားထည့်တယ်။ ၀က်သားလိပ်တက်လာရင် ပုန်းရည်ကြီး အထုပ်လေးကို ဖောက်ထည့်ပီး ၀က်သား ၃ ရေလောက် အဖုံး အုပ်ပီး ချက်ထားတဲ့ ၀က်ပုန်းရည်ကြီး နူးနူးအိအိလေး။






credit : http://thiriyatanar.blogspot.com/2011/11/blog-post_21.html

နွားနို့ခဲဟင်း

နွားနို့ခဲဟင်း
.............
ဒါကတော့ ကိုမင်းမင်းဆိုတဲ့ ဖေ့ဘုတ် အကောင့် ပိုင်ရှင်က စားကြမယ် ချက်ကြမယ်ဆိုတဲ့ အစားအစာ Group မှာ တင်ထားတဲ့ နည်းလေး ဖြစ်ပါတယ်။ အညာအစာ အညာအထာလေးတွေ ကြိုက်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်တဲ့ နည်းတစ်မျိုးပါ။ 
 
ချက်နည်း

နွားနို့ခဲကို ပါးပါးလှီးပါ
ခရမ်းချဉ်သီးပြုတ်ပါ
ပြုတ်ပြီးသားခရမ်းချဉ်သီးကို မွှေစက်နဲ့ထည့်မွှေပါ
ခရမ်းချဉ် ချေထားပြီးသားကို ဆီသတ်ပြီး ထည့်မွှေချက်ယုံပါပဲ
ငရုတ်သီးစိမ်း အသားမှုန့်ကြိုက်လျှင်ထည့်ပါ
အိုးချခါနီးနံနံပင်အုပ်ပါ


Credit : https://www.facebook.com/photo.php?fbid=651014728412293&set=gm.678566642306568&type=3&theater

ပန်ထွေဖျော်


Aye Aye Thike ရဲ့ ဖေ့ဘုတ် ကလေးမှာ တင်ထားတာ တွေ့လို့ပါ .... စားကောင်းတဲ့ ဟင်းလေးတစ်ခွက် ပါ အညာအစာ အညာအထာလေးတွေ သဘောကျတယ်ဆိုရင် ပေါ့ ...:)
သရက်သူလေးရဲ့ စားဖူးခဲ့တဲ့အမှတ်တရများ
အမှတ်တရ - ၂၀၅
ပန်ထွေဖျော်
ပန်ထွေဖျော် ပြုလုပ်ရန်
( ၁ ) - ခရမ်းချဉ်သီး ၂၀ သားကို ရေဆေး ပြီး ရေအနဲငယ်ထည့်၍ အိရုံ ပြုတ်ပါ
( ၂ ) - ခရမ်းချဉ်သီး ,
ငရုတ်မှည့်  အတောင့်  ၂၀
စိမ်းစားငပိ ထမင်းစား၂ ဇွန်း မီးကင်ထားပါ
( ၃ ) - ပုဇွန်ခြောက်ထမင်းစား ၃ ဇွန်း ထောင်းထားပါ
( ၄ ) - ကြက်သွန် ဖြူ ၁ဥ , ထောင်းထားပါ ..
( ၅ ) -ငရုတ်မှည့်ကိုလှီးပြီး ထောင်းထားသော ကြက်သွန်ဖြူ ထဲ ရောထောင်းပါ ..
( ၆ ) - ခရမ်းချဉ်သီး အခွံခွာ အရည်ညှစ် သေးသေးလှီးထောင်းထားပါ
( ၇ ) - ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်မှည့်ထဲ
ထဲ့မွှေပါ ..
( ၈ ) - ခရမ်းချဉ်သီးအရေထဲ့မွှေပါ
( ၉ ) - စိမ်းစားငပိ ဆား အရသာ ထည့်၍ နှံ့အောင်မွှေပါ
( ၁၀ ) - ပုဇွန် ခြောက်ထဲ့ ပြီး မွှေပါ
( ၁၁ ) - ဆီထမင်းစား ၅ ဇွန်းထည့်မွှေပါ.
( ၁၂ ) - ပန်ထွေဖျော် လေး ရပါပြီရှင်

ပန်ထွေဖျော် လေး ကို ပြင်ဆင်သုံးဆောင်လို့ရပါပြီရ
စားခဲ့ဖူးတဲ့
ပန်ထွေဖျော်ပါရှင်
တောင်းဆိုထားလို့ ပါ
မူရင်းစားခဲ့တဲ့အနှစ်၄၀
ကျော်ကပုံစံအတိုင်း
ပန်ထွေဖျော်လေးပါ
တောင်းဆိုထားလို့ ပါရှင်
Crredit : https://www.facebook.com/photo.php?fbid=1160319344014703&set=pcb.1160160647363906&type=3&theater